TSK

TSK · ယောဘဝတ္ထု။ 8:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

စာရာ ကလည်း ၊ ငါ ရယ် ရသောအခွင့်ကို ဘုရားသခင် ပေး တော်မူပြီ။ ဤသိတင်းကို ကြား သောသူ အပေါင်း တို့သည်လည်း၊ ငါ နှင့်အတူ ရယ် ကြလိမ့်မည်ဟူ၍၎င်း၊

ထို နေ့ ၌ များ စွာသော ယဇ် တို့ကို ပူဇော် ကြ၏။ အလွန် ဝမ်းမြောက် သောအခွင့်ကို ဘုရား သခင်ပေးတော်မူသောကြောင့်၊ သား မယား နှင့်တကွ ဝမ်းမြောက် ခြင်းကို ပြု၍ ယေရုရှလင် မြို့ ဝမ်းမြောက် သံကို ဝေး သောအရပ်၌ ကြား ရကြ၏။

ဖြောင့်မတ် သောသူတို့၊ ထာဝရဘုရား ၌ ဝမ်းမြောက် ရွှင်လန်းကြလော့။ သဘော ဖြောင့် သောသူ တို့၊ ရွှင်လန်း စွာ သီချင်း ဆိုကြလော့။

¶ မြေကြီး သားအပေါင်း တို့၊ ထာဝရဘုရား အား ကြွေးကြော် ကြလော့။

မျက်ရည် ကျလျက် ကြဲ ရန် မျိုးစေ့ ကို ဆောင် ၍ ထွက်သွား သောသူသည်၊ ကောက်လှိုင်း များကို ဆောင် လျက် ရွှင်လန်း သောစိတ်နှင့် အမှန်ပြန်လာ လိမ့်မည်။

ယခု တွင် ငတ်မွတ် သောသင်တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ သင်တို့သည် ဝပြော ခြင်းသို့ ရောက်ကြလတံ့။ ယခု တွင် ငိုကြွေး သော သင်တို့သည်မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ သင်တို့သည် ရယ် ကြ လတံ့။ သူတစ်ပါး တို့သည် လူ သား ကြောင့် သင် တို့ကိုမုန်း သောအခါ ၊