ရုဗင် သည်လည်း တွင်း သို့ သွား ၍ ၊ တွင်း ထဲမှာ ယောသပ် မ ရှိသည်ကို မြင် လျင်၊ မိမိ အဝတ် ကို ဆွဲဆုတ် လျက်၊
TSK
TSK · ယောလအနာဂတ္တိကျမ်း။ 2:13
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထာဝရဘုရား သည် မောရှေ ရှေ့ ၌ ကြွ သွားတော်မူလျက် ၊ ထာဝရဘုရား ၊ ထာဝရဘုရား ၊ ချစ် သနားခြင်း မေတ္တာ ကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည် ခြင်း၊ ကျေးဇူး ပြုခြင်း၊ သစ္စာ စောင့်ခြင်းနှင့် ကြွယ်ဝ တော်မူထသော၊
ထိုအခါ ဒါဝိဒ် သည် မိမိ အဝတ် ကိုဆွဲဆုတ် ၍ ၊ သူ ၏လူ အပေါင်း တို့သည် ထိုနည်းတူပြုကြ၏။
ဣသရေလ ရှင် ဘုရင်သည် ထိုစာ ကိုကြည့် ပြီးမှ ၊ မိမိ အဝတ် ကို ဆုတ် ၍ ၊ ငါ သည်အသက် ပေးပိုင်၊ နှုတ် ပိုင် သော ဘုရား ဖြစ်သောကြောင့် ၊ ဤသူ သည် လူနူ ကို ချမ်းသာ ပေးစေခြင်းငှါ ငါ့ ထံသို့ စေလွှတ် သလော။ ကြည့်ကြလော။ ဤသူသည် ငါ့ ကို အဘယ် မျှလောက်ရန် ရှာချင်သည်ကို ကြည့် ကြလော့ဟု ဆို ၏
ရှင် ဘုရင်သည် ပညတ္တိ ကျမ်း စကား ကိုကြား လျှင် ၊ မိမိ အဝတ် ကို ဆုတ် ၍၊ “
ကောင်းကင် ဘုံ၌နားထောင် ၍ ကိုယ်တော် ၏ ကျွန် ၊ ကိုယ်တော် ၏လူ ဣသရေလ အမျိုးတို့ကို အပြစ် မှ လွှတ် တော်မူပါ။ သူ တို့လိုက် ရသောလမ်း ကောင်း ကို ပြညွှန် ၍ ၊ ကိုယ်တော် ၏ လူ တို့အား အမွေ ပေးသော မြေ ပေါ် မှာ မိုဃ်းရွာ စေတော်မူပါ။
ထိုအခါ ယောဘ သည် ထ ၍ မိမိ ဝတ်လုံ ကို ဆုတ် လေ၏။ ဆံပင် ကိုလည်း ရိတ် ၍ မြေ ပေါ်မှာဝပ် လျက် ကိုးကွယ် ပြီးလျှင် ၊ ငါသည် အဝတ် မပါဘဲ အမိ ဝမ်း ထဲက ထွက် လာ၏။
ဘုရား သခင်နှစ်သက်တော်မူသောယဇ် မူကား၊ ကျိုးပဲ့ သောစိတ် ပေတည်း။ အိုဘုရား သခင်၊ ကိုယ်တော်သည် ကျိုးပဲ့ ကြေမွသော နှလုံး ကို ငြင်းပယ် တော်မ မူ တတ်ပါ။
အို ထာဝရ ဘုရား၊ ကိုယ်တော် သည် သနား စုံမက် တတ် သော သဘော၊ ကျေးဇူး ပြုတတ် သော သဘော၊ သည်းခံ တတ်သောသဘော၊ ကရုဏာ နှင့် သစ္စာ ကြွယ်ဝသော သဘောနှင့် ပြည့်စုံ သောဘုရား ဖြစ်တော်မူ၏။
ဝန်ခံ ခြင်းဂတိတော်ကို သူ တို့အဘို့ အောက်မေ့ ၍ ၊ ကရုဏာ တော် များပြား သည်အတိုင်း နောင်တ ရတော်မူ ၏။
အကြောင်း မူကား၊ သန့်ရှင်း ခြင်းဟု နာမ ရှိတော် မူထသော၊ အနန္တ ကာလတည်းဟူသောဘုံဗိမာန်၌ စံ တော်မူထသော၊ အထွဋ် အမြတ်ဖြစ်တော်မူသောဘုရားမိန့် တော်မူသည်ကား ၊ ငါသည် မြင့်မြတ်သန့်ရှင်း သော အရပ် ၌နေ ၏။ စိတ် နှိမ့်ချ သောသူနှင့်၊ နှလုံးကြေကွဲ သောသူတို့ ၏စိတ် ဝိညာဉ်အသက် ရှင်စေ ခြင်းငှါ၊ ကြေကွဲ နှိမ့်ချ သောစိတ် သဘောရှိသောသူတို့၌လည်း ငါနေ၏။
ဤ အရာအလုံးစုံ တို့သည် ငါ့ ကိုယ်တိုင် ဖန်ဆင်း သောကြောင့် ဖြစ် ကြ၏။ စိတ်နှိမ့်ချ ခြင်း၊ နှလုံး ကြေကွဲ ခြင်း၊ ငါ့ စကား ကြောင့် တုန်လှုပ် ခြင်းရှိသောသူကိုသာငါကြည့်ရှု မည်။
ငါ့အမိန့်တော်နှင့် ဆိုင်သော ထိုတိုင်း နိုင်ငံသည် မိမိ ဒုစရိုက် ကို စွန့်ပစ် လျှင်၊ ငါကြံစည် သော ဘေးဒဏ် ကို ငါနောင်တ ရမည်။
ထာဝရဘုရား က၊ ယေရုရှလင် မြို့အလယ် ၌ ရှောက်သွား လော့။ မြို့ ထဲ၌ ပြု သမျှ သော စက်ဆုပ် ရွံ့ရှာဘွယ်အမှုတို့ကြောင့် ၊ ညည်းတွား ငိုကြွေး သောသူ တို့၏ နဖူး ကို ထိုး မှတ်လော့ဟူ၍၎င်း ၊
ငါတို့သည် ပျက်စီး ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ၊ ဘုရား သခင်သည် ပြောင်းလဲ ၍ နောင်တရ သဖြင့် ၊ ပြင်းစွာ သောအမျက် တော်ကို ငြိမ်းစေတော်မူမည် မမူ မည်ကို အဘယ်သူ ပြောနိုင်သနည်းဟု မင်းကြီး အာဏာ ၊ မှူးမတ် အာဏာနှင့် နိနေဝေ တမြို့လုံးတွင် သိတင်း ကြားပြော ၍ ကြော်ငြာ စေတော်မူ၏။
အပြစ် မှလွှတ် တော်မူထသော၊ ကျန် ကြွင်းသော အမွေ တော် လူတို့၏ လွန်ကျူး ခြင်းများကို သည်းခံ တော်မူထသော၊ ကရုဏာ ၌ မွေ့လျော် သောကြောင့် အစဉ် အမျက် ထွက် တော် မ မူသော ကိုယ်တော် ကဲ့သို့ အဘယ် ဘုရား ရှိပါသနည်း။
စိတ် နှလုံးနှိမ့်ချ သောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ကောင်းကင် နိုင်ငံ တော်သည် ထိုသူ တို့၏နိုင်ငံဖြစ် ၏။
ဘုရားသခင် ၏ ကျေးဇူးတော်သည် သင့် ကို နောင်တ လမ်းသို့ သွေးဆောင် သည်ကို မ သိမမှတ်ဘဲ၊ ကြွယ်ဝ စွာကျေးဇူး ပြုတော်မူခြင်း၊ သည်းခံ တော်မူခြင်း၊ စိတ်ရှည် တော်မူခြင်းတို့ကို မထီမဲ့မြင် ပြုသလော။
သို့သော်လည်း ကရုဏာ တော်နှင့် ကြွယ်ဝ တော်မူသော ဘုရားသခင် သည် ငါ တို့ကို ချစ် တော်မူသော မဟာ မေတ္တာ တော်အားဖြင့် ၊
သို့ဖြစ်၍၊ ငါ ချစ် သော ညီအစ်ကို တို့၊ ခပ်သိမ်း သောသူ တို့သည် နားကြား ခြင်းငှာ လျင်မြန် ကြစေ။ စကား ပြောခြင်းငှာ ၎င်း ၊ အမျက်ထွက် ခြင်းငှာ ၎င်း နှေး ကြစေ။