TSK

TSK · ယောလအနာဂတ္တိကျမ်း။ 3:13

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

သောဒုံ မြို့သား တို့သည် ဆိုး သောသူ၊ ထာဝရဘုရား ရှေ့ ၌၊ အလွန် အပြစ် များသောသူဖြစ် ကြသတည်း။

တဖန် ထာဝရဘုရား က၊ သောဒုံ မြို့၊ ဂေါမောရ မြို့၌ ကြွေးကြော် သော အသံသည်ကြီး၍၊ အလွန် အပြစ် လေးသောကြောင့်၊

စပျစ်သီးကို ငါ တယောက် တည်းနင်းနယ် ရပြီ။ လူ များအထဲ ကတယောက် မျှမ ပါ။ သူ တို့ကို ငါ အမျက် ထွက်၍ ကျော် နင်းပြီ။ ပြင်းစွာအမျက် ထွက်၍ နှိပ်နင်း ပြီ။ သူ တို့အသွေး သည် ငါ့ အဝတ် ပေါ် မှာ ဖျန်း လျက်ရှိပြီ။ ငါ့ အဝတ် တန်ဆာရှိသမျှ ကို ငါ ဆိုးပြီ။

ထာဝရ ဘုရားသည် ငါ ၏သူရဲ အပေါင်း တို့ကို ငါ့ အလယ် ၌ ကျော် နင်းတော်မူပြီ။ ငါ ၏လူပျို တို့ကို နှိပ်စက် ခြင်းငှါ လူ အလုံးအရင်းကို ခေါ် တော်မူပြီ။ ထာဝရ ဘုရား သည် ယုဒ သတို့သမီး ကညာ ကို စပျစ်သီး နယ်ရာကျင်း ၌ နင်းနယ် တော်မူပြီ။

တော မျိုးစေ့ကိုကြဲ သောရန်သူ ကား မာရ်နတ် ဖြစ် ၏။ စပါး ရိတ်သောကာလကား ဤကမ္ဘာကုန် သော ကာလ ဖြစ် ၏။ စပါးရိတ် သောသူကား ကောင်းကင်တမန် ဖြစ် ၏။

တဖန် ငါကြည့် လျှင် ၊ ဖြူ သောမိုဃ်းတိမ် ရှိ ၏။ လူ သား တော်နှင့်တူ သောသူ သည် ခေါင်း တော်ပေါ်၌ ရွှေ သရဖူ ကိုဆောင်း လျက်၊ ထက် သော တံစဉ် ကို ကိုင် လျက် ၊ မိုဃ်းတိမ် ပေါ်မှာ ထိုင် တော်မူ၏။