အကြင်သူ သည် ငါ့ ထံသို့ လာ ၍ မိဘ ၊ သား မယား ၊ ညီအစ်ကို ၊ နှမ တို့ကို၎င်း ၊ ထိုမျှမက မိမိ အသက် ကိုမ မုန်း ၊ ထိုသူသည် ငါ့ တပည့် မ ဖြစ် နိုင် ရာ။
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 14:2
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ချစ်သား တို့ ငါ သည်သင် တို့နှင့်အတူ ခဏ သာနေရ၏။ သင်တို့သည် ငါ့ ကိုရှာ ကြလိမ့်မည်။ ငါ သွား ရာ အရပ် သို့ သင် တို့မ ရောက် နိုင် ကြဟု ယုဒ တို့အား ငါပြော သကဲ့သို့ ယခု သင် တို့အား ငါပြော ၏။
ထိုအချိန် ကာလရောက် သောအခါ ၊ ငါသည်အထက်က ဤသို့ ပြော ပြီးသည်ကို သင်တို့အောက်မေ့ စေခြင်းငှာ ယခုပင်ငါ ဟောပြော ၏။အစဦး ၌ သင် တို့နှင့်အတူ ငါရှိ သောကြောင့် ဤသို့ မ ပြော ဘူးသေး။
အကြောင်းမူကား ၊ ထိုသူ သည်ငါ ၏နာမ ကြောင့် အဘယ်မျှလောက် ပင် ဆင်းရဲ ခံရမည်ကို ငါ သည် သူ့ အားပြ မည်။ ထိုကြောင့်သင်သွား လော့ဟု အာနနိ အား မိန့် တော်မူ၏။
ငါတို့ခံရသောဆင်းရဲ ခြင်းကြောင့် အဘယ်သူ မျှ မရွေ့လျော့ မည်အကြောင်း၊ သင် တို့ကိုမြဲမြံ စေ၍ ၊ ယုံကြည် ခြင်းအရာ ၌သင် တို့ကို တိုက်တွန်း နှိုးဆော်စေခြင်းငှာသူ့ကို ငါလွှတ်လိုက်၏။
သို့ဖြစ်၍ ၊ သင် တို့သည် ညှဉ်းဆဲ ခြင်း၊ ဒုက္ခ ဆင်းရဲခြင်းကို ခံရ သမျှ တို့၌ သည်းခံ ၍ ယုံကြည် ခြင်းရှိ သည်ကို ငါ တို့သည် ထောက်၍၊ ဘုရားသခင် ၏ အသင်းတော် များတွင် သင် တို့ကြောင့် ဝါကြွား ကြ၏။
မေလခိဇေဒက် နည်းတူ ထာဝရ ယဇ်ပုရောဟိတ် မင်း ဖြစ် သော ယေရှု သည်၊ ငါ တို့အတွက် ၊ ထိုအတွင်း အရပ်ထဲသို့ရှေ့ဆောင် ၍ ဝင် သောသူဖြစ်တော်မူ၏။
ထို့ကြောင့် ကောင်းကင် ဘုံ၌ ရှိသောအရာ တို့၌ ပုံ များကိုထိုသို့သောယဇ် ပူဇော်ခြင်းအားဖြင့်စင်ကြယ် စေ ရသည်ဖြစ်၍၊ ကောင်းကင် အရာတို့ကိုသာ၍ မြတ်သော ယဇ်ပူဇော်ခြင်းအားဖြင့်စင်ကြယ်စေရ၏
ထိုသို့ ဝန်ခံသောသူတို့သည် မိမိတို့အဘ ပြည်ကို ရှာ ကြသည်ဟု အတည့်အလင်း ပြောဆို ကြ၏
သစ္စာစောင့် သော သက်သေခံ ဖြစ်တော်မူထသော၊ သေ သောသူတို့တွင် သားဦး ဖြစ်တော်မူထသော၊ လောကီ ဘုရင် တို့၏ အထွဋ် ဖြစ်တော်မူသော ယေရှု ခရစ် အထံတော်က ၎င်း၊ ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည်သင် တို့၌ရှိပါစေသော။ ငါ တို့ကိုချစ် ၍ မိမိ အသွေး နှင့် ငါ တို့အပြစ် များကို ဆေးကြော တော်မူ၍၊
ငါ သည်အောင်မြင် ၍ ငါ့ ခမည်းတော် ၏ ပလ္လင် တော်ပေါ်မှာ ခမည်းတော် နှင့်အတူ ထိုင် နေသကဲ့သို့ ၊ အောင်မြင် သော သူ သည်ငါ ၏ ပလ္လင် ပေါ်မှာ ငါ နှင့်အတူ ထိုင် နေရသောအခွင့်ကိုငါပေး မည်။
ကြီး မြင့် သောတောင် သို့ ဝိညာဉ် တော်အားဖြင့် ငါ့ ကိုဆောင်သွား ၍ သန့်ရှင်း သောယေရုရှလင် မြို့ သည် ဘုရားသခင် ၏ ဘုန်း တော်နှင့် ပြည့်စုံ လျက်၊ ဘုရားသခင့် အထံ တော်၊ ကောင်းကင် ဘုံမှ ဆင်းသက် သည်ကို ငါ့ အားပြ လေ၏။