ငါ ၏ ရှင်ဘုရင်ကို သန့်ရှင်း သော ဇိအုန် တောင် တော်ပေါ် မှာ၊ ငါ့ ကိုယ်တိုင်ဘိသိတ် ပေးပြီဟု မိန့်တော်မူ မည်။
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 17:2
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
အရပ်ရပ်တို့၌နေ၍ အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသောလူမျိုး တကာ တို့ကို အုပ်စိုးစေခြင်းငှာ၊ ထိုသူသည် နိုင်ငံ နှင့်တကွ အာဏာစက် တန်ခိုးကိုရ ၏။ အာဏာစက် တော် သည် ကမ္ဘာ အဆက်ဆက်တည်၏။ နိုင်ငံ တော်သည် ပျက်စီး ခြင်းသို့ မ ရောက်နိုင်ရာ။
ယေရှု သည် အနီးအပါးသို့ ချဉ်း တော်မူပြီးလျှင် ၊ ကောင်းကင် ဘုံ၌ ၎င်း ၊ မြေကြီး ပေါ်၌ ၎င်း၊ စီရင်ပိုင် သော အခွင့် တန်ခိုးရှိသမျှ တို့ကို ငါ ခံရ ပြီ။
ငါ ပေး သောရေ ကိုသောက် သောသူ မူကား ၊ ရေငတ် ခြင်းနှင့်အစဉ်မပြတ် ကင်းလွတ် လိမ့်မည်။ ငါပေး သော ရေ သည် ထိုသူ ၌ထာဝရ အသက် ရှင်ခြင်းအလိုငှာ ထွက် သော စမ်း ရေ ဖြစ် လိမ့်မည် ဟု မိန့် တော်မူ၏။
မုန့် ကို စား ၍ ဝ သောကြောင့် သာ ရှာကြ၏။ ပျက်စီး တတ်သောအစာ ကိုရခြင်းငှာမ ကြိုးစား ကြနှင့်။ လူသားသည် သင်တို့အား ပေး၍ ထာဝရ အသက် နှင့်အမျှတည် တတ်သောအစာ ကိုရခြင်းငှာကြိုးစားကြလော့။ ထိုသား သည် ခမည်းတော် ဘုရား ၏တံဆိပ် ခတ်ခြင်းကို ခံ သောသူ ဖြစ်သည် ဟု မိန့် တော်မူ၏။
ငါ့ ကိုစေလွှတ် တော်မူသောခမည်းတော် ၏ အလို တော်ကား ၊ ငါ့ အားပေး သောသူ တို့တွင် တစ်စုံတစ်ယောက်ကိုမျှ ငါမ ပျောက် စေရဘဲ၊ နောက်ဆုံး သောနေ့ ၌ ထိုသူ အပေါင်း တို့ကို ထမြောက် စေခြင်းငှာ ၎င်း၊
ထာဝရ အသက် ကိုလည်း ငါ ပေး ၏။ သိုးတို့သည် ပျက်စီး ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် ကြလိမ့်မည်။ အဘယ်သူ မျှထိုသိုး တို့ကို ငါ့ လက် မှ မ နှုတ် မယူရာ။
ဤလောက ထဲမှ ယူ၍ အကျွန်ုပ် ၌ အပ်ပေး တော်မူသောသူ တို့အား အကျွန်ုပ်သည် ကိုယ်တော် ၏ နာမ ကိုပြပါ ပြီ။ ထိုသူတို့ကို ကိုယ်တော် သည်ပိုင်တော်မူသဖြင့် အကျွန်ုပ် အား ပေး တော်မူ၏။ ကိုယ်တော် ၏ နှုတ်ကပတ် တရားကို သူတို့သည်စောင့် ကြ၏။
အိုအဘ ၊ ကိုယ်တော်သည် ဤကမ္ဘာ မ တည် မရှိမှီအကျွန်ုပ် ကိုချစ် ၍ အကျွန်ုပ် အား ပေး တော်မူသော ဘုန်း တော်ကို အကျွန်ုပ် အား ပေး တော်မူသောသူ တို့သည် ရှုမြင် ရမည်အကြောင်း ၊ အကျွန်ုပ် ရှိ ရာ အရပ် ၌ အကျွန်ုပ် နှင့်အတူ ရှိ နေစေခြင်းငှာ အကျွန်ုပ်အလိုရှိ ပါ၏။
ခရစ်တော် သည် ရန်သူ အပေါင်း တို့ကို ခြေဖဝါး တော်အောက် ၌ ချထား တော်မ မူမှီတိုင်အောင်အုပ်စိုး တော်မူရ မည်။
အကြောင်းမူကား၊ ကောင်းကင် သတ္တဝါ၊ မြေကြီး သတ္တဝါ၊ မြေကြီး အောက်၌ ရှိသော သတ္တဝါ တည်းဟူသောခပ်သိမ်း သော သတ္တဝါတို့သည် ယေရှု ၏ဘွဲ့နာမ တော်ကို ဒူး ထောက် ၍၊
သို့သော်လည်း ၊ ထာဝရ အသက် အလိုငှာ ယုံကြည် လတံ့သော သူ တို့လိုက်စရာ ပုံ သက်သေဖြစ်စေခြင်းငှာ၊ အကြီးဆုံး သောအပြစ်ရှိသော ငါ ၌ ၊ ယေရှု ခရစ် သည် ခပ်သိမ်း သောခန္တီ တော်ကို ပြ တော်မူမည် အကြောင်း ၊ ငါ့ကိုသနား တော်မူပြီ။
ခပ်သိမ်း သောအရာတို့ကို သူ ၏ခြေ အောက် ၌ ချထား တော်မူပြီဟု သက်သေခံ သတည်း။ ခပ်သိမ်း သော အရာတို့ကို ချထား တော်မူ၏ဟုဆိုသော်၊ မချမထား ဘဲ ကျန်ရစ် သောအရာတစ်စုံတစ်ခု မျှ မရှိရ။ ယခု မူကား ၊ ခပ်သိမ်း သောအရာတို့သည် ချထား လျက်ရှိသည်ကို ငါတို့ မ မြင် ရကြသေး
ထိုအသက် သည်ထင်ရှား ခဲ့ပြီ။ ငါတို့လည်း မြင်ရ ကြပြီ။ ခမည်းတော် နှင့်အတူ ရှိ ဘူး၍၊ ငါတို့အား ထင်ရှား ခဲ့ပြီးသော ထိုထာဝရ အသက် ကို၊ ငါ တို့သည် သင် တို့အား သက်သေခံ ၍ ပြသ ကြ၏။
ဘုရားသခင် ၏သား တော်သည်ကြွလာ ၍ ၊ မှန် သောဘုရားသခင်ကို သိသောဉာဏ် ကို ငါ တို့အား ပေး တော်မူသည်ကိုလည်း ငါတို့သိ ကြ၏။ မှန် သောဘုရားသခင်၌ ၎င်း ၊ သား တော်ယေရှု ခရစ် ၌ ၎င်းငါတို့သည် တည်လျက်ရှိ ကြ၏။ ထိုသူ သည်မှန် သော ဘုရားသခင် ဖြစ်တော်မူ၏။ ထာဝရ အသက် လည်း ဖြစ် တော်မူ၏။