TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 2:19

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ယောန သည်ငါး ကြီးဝမ်း ထဲမှာ သုံး ရက်နေ ရသကဲ့သို့ ၊ လူ သား သည် မြေကြီး ထဲမှာ သုံး ရက်နေ ရလတံ့။

ဘုရားသခင် ၏သား တော်မှန် လျှင် လက်ဝါးကပ်တိုင် မှ ဆင်း လော့ဟု မိမိ တို့ခေါင်း ကိုညှိတ် ၍ ကဲ့ရဲ့ သော စကားနှင့် ပြောဆို ကြ၏။

ထိုမှတစ်ပါး၊ လူ သား သည်များစွာ ခံရ မည်။ လူ အကြီးအကဲ၊ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့၏ ငြင်းပယ် ခြင်းကို၎င်း ၊ အသေ သတ်ခြင်းကို၎င်းခံရမည်။ သုံး ရက်မြောက် သောနေ့ ၌ ထမြောက် လိမ့်မည် ဟူသော အကြောင်းများကို တပည့် တော်တို့အား ပြ စ ပြုတော်မူ၏။

လမ်းမှာသွား သောသူ တို့ကလည်း ၊ ဟဲ့ ၊ ဗိမာန် တော်ကို ဖြိုဖျက် ၍ သုံး ရက် အတွင်း တွင် တည်ဆောက် ပြန်သောသူ ၊

ငါ သည် ကိုယ် အသက် ကိုစွန့် ၍ နောက် တဖန်ယူ ဦးမည်ဖြစ်သောကြောင့် ၊ ငါ့ ခမည်းတော် သည် ငါ့ကို ချစ် တော်မူ၏။

ထိုသူ ကို သေ ခြင်းဝေဒနာသည် အစဉ်ချည်နှောင် ချုပ်ကိုင်၍မ ဖြစ် နိုင်သည်နှင့်၊ ထိုဝေဒနာ ကို ဘုရားသခင် သည် ချွတ်ပယ် ၍ထမြောက် စေတော်မူပြီ။

အသက် ရှင်ခြင်းသို့ ပို့ဆောင်တော်မူသောအရှင် ကို ကွပ်မျက် ကြပြီတကား၊ ထိုအရှင် ကို ဘုရားသခင် သည် သေ ခြင်းမှ ထမြောက် စေတော်မူသည်ကို ငါ တို့သည် သက်သေခံ ဖြစ် ကြ၏။

ငါတို့အကျိုးအလိုငှာရေးထားသတည်း။ ငါ တို့ သခင် ယေရှု ကို သေ ခြင်းမှ ထမြောက် စေတော်မူသော သူ ကိုငါတို့သည် ယုံကြည် လျှင်၊ ထိုယုံကြည်ခြင်းကို ငါတို့၏ဖြောင့်မတ်ခြင်းဟု မှတ် တော်မူလတံ့။

ထိုမျှမက ၊ ယေရှု ကိုသေ ခြင်းမှ ထမြောက် စေတော်မူသော ဘုရား ၏ဝိညာဉ် တော်သည် သင် တို့ အထဲ ၌ကျိန်းဝပ် တော်မူလျှင် ၊ ခရစ်တော် ကို သေ ခြင်းမှ ထမြောက် စေတော်မူသော ဘုရား သည် သင် တို့အထဲ ၌ကျိန်းဝပ် သောမိမိ ဝိညာဉ် တော်အားဖြင့် ၊ သေ တတ်သော သင် တို့၏ ကိုယ် ကာယကိုပင် ရှင် စေတော်မူမည်။

ယခုမှာ၊ ခရစ်တော် သည် သေ ခြင်းမှ ထမြောက် တော်မူကြောင်း ကို ဟောပြော ရသည်ဖြစ်၍ ၊ သေ သော သူတို့သည် ထမြောက် ခြင်းမ ရှိ ဟု သင် တို့တွင် အချို့ သောသူတို့သည် အဘယ်ကြောင့် ဆို ရကြသနည်း။

ခရစ်တော် သည် ကိုယ်ခန္ဓာ အားဖြင့်အသေ သတ်ခြင်းကိုခံ၍၊ ဝိညာဉ် တော်အားဖြင့်အသက် ရှင်ခြင်း သို့ ရောက်တော်မူသည်ဖြစ်၍ ငါ တို့ကို ဘုရားသခင့် အထံတော်သို့ ပို့ဆောင် ခြင်းငှာ ၊ ဖြောင့်မတ် တော်မူသောသူသည်၊ မ ဖြောင့်မတ်သော သူတို့အတွက် ၊ ဒုစရိုက် အပြစ်များကြောင့် တစ်ခါ ခံ တော်မူ၏။