TSK

TSK · ဝတ်ပြုရာကျမ်း 13:2

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

တဖန် ထာဝရဘုရား က၊ သင် ၏လက် ကိုသင် ၏ ရင်ခွင် သို့ သွင်း လော့ဟု မိန့် တော်မူသည်အတိုင်း ၊ လက် ကို ရင်ခွင် သို့ သွင်း ၍ ထုတ် ပြန်သောအခါ ၊ လက် သည် မိုဃ်းပွင့် အဆင်းကဲ့သို့ နူ လေ၏။

အိမ်ရှင်သည် ယဇ်ပုရောဟိတ် ထံ သို့သွား ၍ ၊ အကျွန်ုပ် အိမ် ကို နူနာ စွဲဟန် ရှိပါ၏ဟု ပြောဆို လျှင် ၎င်း၊

မိုဃ်းတိမ် သည် တဲ တော်အပေါ် မှ ကွာ သွား၏။ မိရိအံ သည်လည်း ၊ နူနာ စွဲ၍ မိုဃ်းပွင့် ကဲ့သို့ ဖြူလေ၏။ အာရုန် ကြည့် ၍ မိရိအံ နူ သည်ကိုမြင် လျှင် ၊

သင့် နေရာ မြို့တွင် လူ အသက်ကို သတ်ခြင်းအမှု၊ တရား တွေ့ခြင်းအမှု၊ လူ ချင်းရိုက်ပုတ်ခြင်းအမှုတို့သည် မင်းရှေ့သို့ရောက်၍ မစီရင် မဆုံးဖြတ်နိုင်လျှင်၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် သို့ သွား ၍၊

ထာဝရဘုရား သည် သင့် ကို အဲဂုတ္တု အနာစိမ်း ၊ မြင်းသရိုက် နာ၊ ဝဲနာ ၊ မ ပျောက် နိုင် သော ယားနာ ဖြင့် ဒဏ်ခတ် တော်မူမည်။

¶ ရှုရိ ရှင်ဘုရင် ၏ ဗိုလ်ချုပ် မင်းနေမန် သည် မိမိ သခင် ထံ မှာမျက်နှာ ရ သောသူ၊ ဘုန်းကြီး သောသူ ဖြစ် ၏။ အကြောင်း မူကား၊ ရှုရိ ပြည်သည် ထိုသူ အားဖြင့် အောင် ရ သောအခွင့်ကို ထာဝရဘုရား ပေး တော်မူပြီ။ ထိုသူ သည် ခွန်အား ကြီးသော စစ်သူရဲ ဖြစ် ၏။ သို့ရာတွင်နူနာ စွဲ၏

ဩဇိ မင်းသည် ဒေါသ စိတ်ရှိ၍ ၊ နံ့သာပေါင်းကို မီးရှို့ ခြင်းငှါ ၊ လင်ပန်း ကိုကိုင် လျက် ၊ ယဇ် ပုရောဟိတ်တို့ကို အမျက်ထွက် လျှင် ၊ ဗိမာန် တော်တွင် နံ့သာပေါင်း ကို မီးရှို့ရာယဇ် ပလ္လင်၏ အနား ၊ ယဇ်ပုရောဟိတ် တို့ ရှေ့ မှာ၊ နူနာ သည် ရှင် ဘုရင်နဖူး ၌ ပေါ် လေ၏။

ဘုရား ရှင်သည် ဇိအုန် သတို့သမီး တို့ကို ခေါင်းတုံးဖြစ်စေတော်မူမည်။ ထာဝရဘုရား သည် သူ တို့မှ အဝတ် ကိုပယ် ၍ အရှက်ခွဲတော်မူမည်။

ယေရှု ကလည်း သင်သတိပြု။ ဤအကြောင်းကို အဘယ်သူ အားမျှမပြော နှင့်။ ယဇ် ပုရောဟိတ်ထံသို့သွား ၍ ကိုယ် ကိုပြ လော့။ သူတစ်ပါး ၌ သက်သေ ဖြစ်စေခြင်းငှာ မောရှေ စီရင် မှာထားသော ပူဇော် သက္ကာကိုဆက် လော့ဟု မိန့် တော်မူ၏။

ယေရှု ကလည်း ၊ ဤ အကြောင်းကို အဘယ်သူ အားမျှမပြော နှင့် ယဇ် ပုရောဟိတ်ထံသို့သွား ၍ ကိုယ် ကိုပြ လော့။ သူတစ်ပါး ၌ သက်သေ ဖြစ်စေခြင်းငှာသန့်ရှင်း ခြင်းသို့ ရောက်သည့်အတွက် မောရှေ စီရင် မှာထားသော ပူဇော် သက္ကာကို ဆက်လော့ ဟုမိန့် တော်မူ၏။