TSK

TSK · ဝတ်ပြုရာကျမ်း 2:13

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ဆေးသမားအတတ် နှင့် နှာဆေးကို ဘော်တတ်သည်နည်းတူရောနှော၍၊ သန့်ရှင်း စင်ကြယ် သော နံ့သာ ပေါင်းကို ဘော် ရမည်။

ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား သည် ဆား နှင့် ယှဉ်သောပဋိညာဉ် အားဖြင့်၊ ဣသရေလ နိုင်ငံကို ဒါဝိဒ် နှင့် သား တော်မြေးတော်တို့၌ အစဉ် အိပ်တော်မူကြောင်းကို၊ သင် တို့သိမှတ် သင့်သည် မ ဟုတ်လော။

ယဇ်ပုရောဟိတ် တို့သည် ဆား ကိုတင် လျက်၊ ထိုယဇ်ကောင် တို့ကို ထာဝရဘုရား အဘို့ မီးရှို့၍ ပူဇော် ရကြမည်။

ယဇ်ကောင်ရှိသမျှတို့၌ ဆားခတ်ရသကဲ့သို့ခပ်သိမ်း သောသူတို့သည် မီး ဆား ခတ်ခြင်းကို ခံရကြမည်။”