¶ ယာကုပ် သည် ခရီး သွားပြန် ၍ ၊ ဘုရားသခင် ၏ ကောင်းကင် တမန်တို့သည် ကြိုဆို ခြင်းငှါ လာကြသည်ကို၊
TSK
TSK · ရှင်လုကာခရစ်ဝင်။ 2:13
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
နံနက် ကြယ် တို့သည် တညီတညွတ်တည်း သီချင်း ဆို၍ ၊ ဘုရား သခင်သား အပေါင်း တို့သည် ဝမ်းမြောက် သဖြင့်၊ ကြွေးကြော် ကြစဉ် ၊ တိုက်ထောင့် အထွဋ် ကျောက် ကို အဘယ်သူ တင်ထားသနည်း။
တန်ခိုး ကြီး၍ နှုတ်ကပတ် တော်အသံ ကို နားထောင် လျက် ၊ အမိန့် တော်အတိုင်း ဆောင်ရွက် သော ကောင်းကင် တမန်တော်တို့၊ ထာဝရဘုရား ကို ကောင်းကြီး ပေးကြလော့။
ကောင်းကင်တမန် သရပ် တို့သည် ပလ္လင်တော် တဘက်တချက်၌ ရပ်နေကြ၏။ သူတို့သည် အတောင် ခြောက် ခုစီရှိ၍၊ အတောင်နှစ် ခုဖြင့် မျက်နှာ ကိုဖုံး လျက်၊ အတောင်နှစ် ခုဖြင့် ခြေ တို့ကို ဖုံး လျက်၊ အတောင်နှစ် ခုဖြင့် ပျံ တတ်ကြ၏။
မျက်နှာတော်မှ မီး ရောင်ခြည်ထွက် လေ၏။ အတိုင်းမသိများစွာသောသူတို့ သည် အမှု တော်ကို ဆောင်ရွက်၍ ၊ ကုဋေသင်္ချေမက ရှေ့ တော်၌ ခစား ၍ နေကြ၏။ တရား စီရင်ခြင်းငှါပြင်ဆင်၍ စာစောင် များ ကိုဖွင့် ထားကြ၏။
အဘယ်ကြောင့်နည်းဟူမူကား၊ ငါ တို့သခင် ယေရှု ခရစ် ကို အကြောင်း ပြု၍ ထာဝရ အကြံ တော် ရှိသည်နှင့်အညီ ၊
ကိုယ်ဟောပြော ပြုစုသော အရာ များတို့သည်၊ ကိုယ် အဘို့မ ဟုတ်၊ သင် တို့အဘို့ဖြစ်သည်ဟု ထိုသူ တို့ အားဖွင့်ပြ တော်မူ၏။ ကောင်းကင် ဘုံမှ စေလွှတ် တော်မူသောသန့်ရှင်း သော ဝိညာဉ် တော်ပါလျက် ၊ သင် တို့အား ဧဝံဂေလိ တရားကို ဟောပြောသောသူ တို့သည်၊ ထို အရာများကို သင် တို့အား ယခု ကြားပြော ကြပြီ။ ထိုအရာ တို့ကို ကောင်းကင်တမန် တို့သည် စေ့စေ့ကြည့်ရှု စဉ်းစားချင် သောစေတနာ စိတ်ရှိကြ၏။