ငါ ဆုံးမ သော စကားကို နားထောင် ၍ ပြောင်းလဲ ကြလော့။ ငါ့ ဝိညာဉ် ကို သင် တို့အပေါ် သို့ ငါသွန်းလောင်း ၍၊ ငါ့ စကား ၏အနက်အဓိပ္ပါယ်ကို နားလည် စေမည်။
TSK
TSK · ရှင်မာကုခရစ်ဝင်။ 1:8
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
အကြောင်း မူကား၊ ရေ ငတ်သော သူအပေါ် မှာ ရေ ကို ငါသွန်းလောင်း ၍၊ သွေ့ခြောက်သော မြေ ကို ရေလွှမ်းမိုး စေမည်။ သင် ၏ အမျိုး အပေါ် မှာ ငါ့ ဝိညာဉ် ကို၎င်း၊ သင် ၏အနွှယ် အပေါ် မှာ ငါ့ ကောင်းကြီး မင်္ဂလာကို ၎င်း ငါသွန်းလောင်း မည်။
ထိုနောက်မှ လူမျိုး တကာ တို့ အပေါ် သို့ ငါ ၏ ဝိညာဉ် တော်ကို ငါသွန်းလောင်း မည်။ သင် တို့၏ သား သမီး တို့သည် ပရောဖက် ဉာဏ်နှင့် ဟောပြောရကြ လိမ့်မည်။ အသက်ကြီး သောသူတို့သည် နိမိတ်အိပ်မက် တို့ကို မြင်မက် ရကြလိမ့်မည်။ အသက် ငယ်သောသူတို့ သည်လည်း ဗျာဒိတ် ရူပါရုံတို့ကို မြင် ရကြလိမ့်မည်။
ဂတိတော်အချက်ဟူမူကား၊ ယောဟန် သည်ရေ ၌ဗတ္တိဇံ ကိုပေး၏။ သင် တို့သည် မ ကြာမမြင့်မှီ သန့်ရှင်း သောဝိညာဉ် တော်၌ ဗတ္တိဇံ ကိုခံရကြလိမ့်မည် ဟုမိန့်တော်မူ၏။
ဟောဘူးအချက်ကား၊ နောင် ကာလ ၌ လူမျိုး တကာ တို့အပေါ်သို့ ငါ ၏ဝိညာဉ် တော်ကိုငါသွန်းလောင်း မည်။ သင် တို့၏သား သမီး တို့သည် ပရောဖက် ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။ အသက် ငယ်သောသူ တို့သည် ဗျာဒိတ် ရူပါရုံတို့ကို မြင် ရကြလိမ့်မည်။ အသက်ကြီး သောသူ တို့သည်လည်း နိမိတ်အိပ်မက် တို့ကိုမြင်မက် ရ ကြလိမ့်မည်။
ငါ သည်ဟောပြော စ ပြုစဉ်၊ သန့်ရှင်း သော ဝိညာဉ် တော်သည် ရှေ့ဦးစွာ ငါ တို့အပေါ်သို့ သက်ရောက်တော်မူသည်နည်းတူ ၊ ထိုသူ တို့ အပေါ်သို့ လည်း သက်ရောက် တော်မူ၏။
အကြောင်းမူကား ၊ ယုဒ လူဖြစ်စေ ၊ ဟေလသ လူဖြစ်စေ ၊ ကျွန် ဖြစ်စေ ၊ လူ လွတ်ဖြစ်စေ ၊ ငါ တို့ရှိသမျှ သည် ဝိညာဉ် တော်တစ်ပါးတည်း အားဖြင့် တစ် ကိုယ် တည်းထဲသို့ ဗတ္တိဇံ ကိုခံကြ၏။ ငါတို့ရှိသမျှ သည် တစ် စိတ် တစ်ဝိညာဉ် တည်းထဲသို့လည်း သောက် ကြ၏။