TSK

TSK · ရှင်မာကုခရစ်ဝင်။ 14:36

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထာဝရဘုရား မ တတ်နိုင်သောအမှု တစုံတခု ရှိသလော။ ချိန်းချက်သော ဘွားချိန် စေ့သောအခါ ၊ သင့် ဆီသို့ ငါပြန် လာ၍၊ စာရာ သည် သား ကို ရလိမ့်မည်ဟု ထာဝရဘုရား သည် အာဗြဟံ အား မိန့် တော်မူ၏။

ငါ ထာဝရဘုရား သည် ခပ်သိမ်း သော သတ္တဝါ တို့ကို အစိုးရသောဘုရား သခင်ဖြစ်၏။ ငါ မ တတ်နိုင် သော အရာ တစုံတခု ရှိလိမ့်မည်လော။

ထိုမှအနည်းငယ် လွန် ပြန်လျှင် ပြပ်ဝပ် ၍ အကျွန်ုပ် အဘ ၊ ဤ ခွက် သည် အကျွန်ုပ် ကိုလွန်သွားနိုင် လျှင် လွန်သွား ပါစေသော။ သို့သော်လည်း အကျွန်ုပ် အလိုရှိ သည်အတိုင်း မ ဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ်ပါစေသော ဟု ဆုတောင်း တော်မူ၏။

¶ အကျွန်ုပ်တို့သည် တတ်စွမ်း နိုင်ပါ၏ဟု လျှောက် ကြသော် ၊ ယေရှု က၊ ငါ သောက် သောခွက် ကို သင်တို့ သည် သောက် ရကြလိမ့်မည်။ ငါ ခံ သောဗတ္တိဇံ ကိုလည်း သင်တို့သည်ခံရ ကြလိမ့်မည်။”

¶ ယေရှု က၊ ငါ့ ကိုစေလွှတ် တော်မူသောသူ ၏ အလို တော်ကိုဆောင် ခြင်း၊ သူ ၏အမှု တော်ကို ပြီးစီး ခြင်းအမှုသည် ငါ့ စားစရာ ဖြစ် ၏။

အကြောင်းမူကား ၊ ငါသည် ကိုယ် အလို သို့လိုက် ခြင်းငှာ ကောင်းကင် မှ ဆင်းသက် သည်မ ဟုတ်။ ငါ့ ကို စေလွှတ် တော်မူသောသူ ၏ အလို တော်သို့လိုက်ခြင်းငှာဆင်းသက်၏။

ယေရှု ကလည်း ဓား ကိုအိမ် ၌ သွင်း ထားလော့။ ခမည်းတော် သည် ငါ့ အား ပေး တော်မူသောခွက် ကို ငါ မ သောက် ရာသလော ဟု ပေတရု အားမိန့် တော်မူ၏။

ထိုသို့သင်တို့သည်သား ဖြစ် သောကြောင့် အဗ္ဗ အဘ ဟု ခေါ် တတ်သော သား တော်၏ ဝိညာဉ် တော်ကို သင်တို့စိတ် နှလုံးထဲသို့ ဘုရားသခင် စေလွှတ် တော်မူ၏။

ထိုခရစ်တော် သည် လူ ဇာတိအဖြစ်၌ နေစဉ်ကာလ ၊ သေ ခြင်းမှ ကယ်လွှတ် နိုင် တော်မူသောသူ ကို၊ ကြီးစွာ သော ကြွေးကြော် ခြင်း၊ မျက်ရည် ကျခြင်းနှင့် ဆုတောင်း ပဌနာပြုသဖြင့်၊ ကြောက်ရွံ ရာအမှု၌ ချမ်းသာ ရသည်ဖြစ်၍၊