TSK

TSK · ရှင်မာကုခရစ်ဝင်။ 16:18

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

တစုံ တယောက်သောသူသည် ဟင်းသီး ဟင်းရွက်ကို ဆွတ် ခြင်းငှါ လယ်ပြင် သို့ သွား ၍ တော နွယ် ပင်ကို တွေ့ လျှင် ၊ တော ဘူးသီး ပိုက် နိုင်သမျှကို ဆွတ်ယူပြီးမှ၊”

သို့သော်လည်းကိုယ်တော်သည်ကြွ ၍ သူ့ကို ကယ်တင် ခြင်းငှာ သူ၏အပေါ်၌လက် ကိုတင် တော်မူလျင် အသက် ရှင်ပါလိမ့်မည်ဟု များစွာ တောင်းပန် ၏။

ပေတရု ကလည်း၊ ငါ ၌ရွှေ ငွေ မ ရှိ ။ ရှိ သည်အရာ ကိုသင့် အားငါ ပေးမည်။ နာဇရက် မြို့သားယေရှု ခရစ် ၏ နာမ တော်အားဖြင့် ထ ၍ လှမ်းသွား လော့ဟုဆို လျက်၊

ထိုသခင်ကို ယုံကြည် ခြင်းအားဖြင့် ထိုသခင် ၏နာမ တော်သည် သင်တို့သိ မြင် သော ဤသူ အား အစွမ်း ကို ပေးတော်မူပြီ။ ထိုသခင် ကြောင့် ရသော ယုံကြည် ခြင်းသည် သင် တို့မျက်မှောက် တွင် ဤသူ ၌စေ့ စုံခြင်း အခွင့်ကိုပေး ၍ရှိလေပြီ။

အကြောင်းမူကား ၊ အနာ ကင်းခြင်း နိမိတ် လက္ခဏာကို ခံရ သော သူ သည် အသက် လေးဆယ် ကျော် ရှိ သည်ဖြစ်၍လူ အပေါင်း တို့သည် ထို အမှုကို ထောက်လျက် ဘုရားသခင် ၏ ဂုဏ် တော်ကိုချီးမွမ်းကြ၏။

ပေတရု သည် လမ်း၌ ရှောက်သွား စဉ်၊ အနာစွဲသောသူတို့တွင် တစ်ယောက်ယောက်ကို သူ ၏အရိပ် လွှမ်းမိုး စေခြင်းငှာ ၊ လူနာ တို့ကိုလမ်း နား သို့ထုတ် ၍ ခုတင် မွေ့ရာ ပေါ်မှာ ထား ကြ၏။

ပေါလုသုံးသောပုဝါ ၊ ခါးပန်း တခုခုကို အနာ ရောဂါရှိသောသူ တို့ဆီသို့ ၊ ပေးလိုက်၍၊ သူ တို့သည် အနာ ရောဂါနှင့်ကင်းလွတ် ကြ၏။ နတ် ဆိုး တို့လည်း ထွက်သွား ကြ၏။

ပုဗလိ မင်း၏အဘ သည်ဖျားနာ နှင့် ဝမ်းကျသွေးသွန်နာ စွဲ ၍၊ တုံးလုံး နေသည်ကို ပေါလု ဝင် ၍ ဆုတောင်း ပြီးမှ၊ သူ့ အပေါ်၌ လက် တင် ၍ အနာ ကို ငြိမ်းစေ၏။

ထို ဝိညာဉ် တော်အားဖြင့် တစ်ယောက် သော သူအားယုံကြည် ခြင်းကို ပေးတော်မူ၏။ ထို ဝိညာဉ် တော် အားဖြင့် တစ်ယောက် သောသူအား အနာ ရောဂါကို ငြိမ်းစေနိုင်သောအခွင့် ကို ပေးတော်မူ၏။