TSK

TSK · ရှင်မာကုခရစ်ဝင်။ 3:11

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထိုအခါ စုံစမ်း သွေးဆောင်သောသူ သည် ချဉ်းကပ် ၍၊ ကိုယ်တော်သည် ဘုရားသခင် ၏သား တော်မှန် လျှင် ၊ ဤ ကျောက်ခဲ တို့ကို မုန့် ဖြစ် စေခြင်းငှာ အမိန့် ရှိတော်မူပါဟု လျှောက် လေ၏။

ဘုရားသခင် ၏ သား တော်ယေရှု၊ ကိုယ်တော် သည် အကျွန်ုပ် တို့နှင့် အဘယ်သို့ ဆိုင်သနည်း။ အချိန် မ ရောက်မှီ အကျွန်ုပ် တို့ကို ညှဉ်းဆဲ ခြင်းငှာကြွလာ တော်မူသလောဟု အော်ဟစ် ၍ လျှောက် ကြ၏။

¶ နတ်ဆိုး တို့လည်း ၊ ကိုယ်တော် သည် ခရစ်တော်တည်းဟူသောဘုရားသခင် ၏သား တော်ဖြစ် တော်မူ၏ဟု ဟစ်ကြော် လျက် လူများ မှ ထွက်သွား ကြ၏။ ကိုယ်တော် သည် ခရစ်တော် ဖြစ် ကြောင်းကို သူတို့သိ ကြသောကြောင့် စကားတစ်ခွန်းကိုမျှ မပြော စေခြင်းငှာမြစ်တား တော်မူ၏။

ထိုမိန်းမငယ်သည် ပေါလု နှင့် ငါ တို့နောက် သို့ လိုက်၍၊ ဤသူ တို့ကား အကျွတ် တရားလမ်း ကို ငါတို့အား ဟောပြော ပြသသော အမြင့်ဆုံး သော ဘုရားသခင် ၏ ကျွန် ဖြစ် ကြ၏ဟု ဟစ်ကြော် လေ၏။

ဘုရားသခင် တစ်ဆူတည်း ရှိ သည်ဟု သင် သည်ယုံ ၏။ ကောင်း ပေ၏။ နတ်ဆိုး တို့သည် ယုံ ၍ ကြောက်ရွံ့တုန်လှုပ် ကြ၏။