TSK

TSK · ရှင်မာကုခရစ်ဝင်။ 3:18

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ယေရှု သည် ထို အရပ်မှကြွ တော်မူလျှင် ၊ မသ္သဲ အမည် ရှိသောသူတစ်ယောက်သည် အခွန်ခံ ရာတဲ၌ ထိုင် နေသည်ကို မြင် သော်၊ ငါ့ နောက် သို့လိုက်လော့ဟု မိန့် တော်မူ၏။ ထိုသူသည်လည်း ထ ၍ နောက် တော်သို့ လိုက်လေ၏။

သူသည် လက်သမား သား မ ဟုတ် လော။ သူ့ အမိ ကား မာရိ အမည် ရှိသည်မ ဟုတ်လော။ သူ့ ညီ ကား၊ ယာကုပ် ၊ ယောသေ ၊ ရှိမုန် ၊ ယုဒ ဟုဆိုကြသည်မဟုတ်လော။

သူ သည် လက်သမား မ ဟုတ်လော။ မာရိ ၏သား မဟုတ်လော။ ယာကုပ် ၊ ယောသေ ၊ ယုဒ ၊ ရှိမုန် တို့၏ အစ်ကို မဟုတ်လော။ သူ့ နှမ များသည်လည်း ငါ တို့နှင့် အနီးအပါး နေ ကြသည်မ ဟုတ်လောဟု ပြောဆိုလျက် စေတနာ စိတ်ပျက်ကြ၏။

ပေတရု အမည်သစ်ကိုရသော ရှိမုန် နှင့် သူ့ ညီ အန္ဒြေ ၊ ယာကုပ် နှင့် ယောဟန် ၊ ဖိလိပ္ပု နှင့် ဗာသောလမဲ ၊

¶ နက်ဖြန် နေ့၌ ဂါလိလဲ ပြည်သို့ ကြွ ခြင်းငှာအလို တော်ရှိလျှင် ဖိလိပ္ပု ကိုတွေ့ ၍ ၊ ငါ့ နောက် သို့ လိုက်လော့ ဟု မိန့် တော်မူ၏။

¶ ဒိဒုမု အမည် ရှိသောသောမ က၊ အကျွန်ုပ် တို့လည်း လိုက် ၍ သခင် နှင့်အတူ အသေခံ ကြကုန်အံ့ဟု တပည့် တော်ချင်းတို့အား ပြောဆို ၏။

ဖိလိပ္ပု ကလည်း၊ သခင် ၊ ခမည်းတော် ကို အကျွန်ုပ် တို့အားပြ တော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ် တို့ အလိုပြည့်စုံ ပါမည်ဟုလျှောက် လျှင်၊

ထိုသို့ ယေရှု သည်ကြွလာ တော်မူသောအခါ တမန်တော်တကျိပ် နှစ်ပါးအဝင် ၊ ဒိဒုမု ဟုအမည် ရှိသော သောမ သည်ထိုတပည့် တော်တို့နှင့်အတူ မ ရှိ ။

ရောက် ကြလျှင် ၊ ပေတရု ၊ ယာကုပ် ၊ ယောဟန် ၊ အန္ဒြေ ၊ ဖိလိပ္ပု ၊ သောမ ၊ ဗာသောလမဲ ၊ မဿဲ ၊ အာလဖဲ ၏သားယာကုပ် ၊ ရှိမုန် ဇေလုတ် ၊ ယာကုပ် ညီ ယုဒ တို့သည် တည်း နေရာ အိမ်အထက် ခန်းသို့ တက် ကြ၏။

နက်ဖြန် နေ့၌ပေါလု သည် ငါ တို့နှင့်တကွ ယာကုပ် ထံသို့ ဝင် လျှင် သင်းအုပ် အပေါင်း တို့သည် စည်းဝေး ကြ၏။

အမှီတကဲ ဖြစ်သောယာကုပ် ၊ ကေဖ ၊ ယောဟန် တို့သည်လည်း ၊ ငါ ရ သောကျေးဇူး တော်ကို သိ ကြသောအခါ ၊ မိမိ တို့သည် အရေဖျားလှီး ခြင်းကိုခံရသော သူတို့ ဆီသို့ သွားမည်အကြောင်းနှင့်၊ ငါ တို့သည်တစ်ပါး အမျိုးသားတို့ဆီသို့ သွားမည်အကြောင်း ၊ လက်ျာ လက်ခံခြင်းကို ဗာနဗ နှင့် ငါ့ အား ပေး ကြ၏။

¶ ယေရှု ခရစ် ၏ ကျွန် ဖြစ်သောယာကုပ် ညီ ငါယုဒ သည် ခမည်းတော် ဘုရားသခင် သန့်ရှင်း စေတော်မူ၍၊ ယေရှု ခရစ် ခေါ် ထားစောင့်မ တော်မူသောသူတို့ကို ကြားလိုက်ပါ၏။