TSK

TSK · ရှင်မာကုခရစ်ဝင်။ 4:31

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ပြည် တော်၌ များစွာ သော စပါး ရှိ၍ ၊ အသီးအနှံ သည် လေဗနုန် တောကဲ့ သို့ တောင် ထိပ် ပေါ် မှာ လှုပ်ရှား လိမ့်မည်။ မြို့ သူမြို့သားတို့သည်လည်း ၊ မြေ ၏မြက်ပင် ကဲ့သို့ စည် ပင်ကြလိမ့်မည်။

ဒါဝိဒ် မင်း၏ ရာဇ ပလ္လင်ပေါ် မှာထိုင်၍၊ နိုင်ငံ တော်ကို နောင်ကာလအစဉ်မပြတ်၊ တရား တော်အတိုင်း ဖြောင့်မတ် စွာစီရင်၍အမြဲတည် စေတော်မူမည်အကြောင်း ၊ အာဏာ တော် တိုးတက် ခြင်းနှင့် ငြိမ်သက် တော်မူခြင်း သည် နိစ္စ အမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် အလို တော်အားကြီး၍၊ ထို အမှုကို ပြီးစီး စေတော်မူလိမ့်မည်။

ထာဝရဘုရား၏ကျွန်သည် အညွန့် ကဲ့သို့ ၎င်း၊ သွေ့ ခြောက်သောမြေ ၌ ပေါက် သောအတက် ကဲ့သို့ ၎င်း၊ ရှေ့ တော်၌ ကြီးပွား ၏။ ပမာဏပြုစရာ အဆင်း တင့်တယ်ခြင်းမ ရှိ။ ချစ် လို ဘွယ်သော မျက်နှာ လက္ခဏာ နှင့် မ ပြည့်စုံ။

သူငယ် တယောက်သည် လူတထောင် ဖြစ် ရ လိမ့်မည်။ အားနည်း သော သူတယောက်သည် အားကြီး သော လူမျိုး ဖြစ်ရလိမ့်မည်။ ငါ ထာဝရဘုရား သည် အချိန် ရောက်လျှင် ထိုအမှုကို နှိုးဆော် မည်။

ကိုယ်တော်သည် ကြည့်ရှု တော်မူစဉ် ၊ လက် ဖြင့် မ ထု မလုပ်ဘဲ အလိုလိုဖြစ်သော ကျောက် တလုံးသည် သံ နှင့် သရွတ် ဖြစ်သော ရုပ်တု ၏ခြေ ကို ထိခိုက်၍ ချိုးဖဲ့ သည်ရှိသော်၊

ကျန်ကြွင်းရစ် သောဧဒုံ အမျိုးသားမှစ၍ ငါ ၏နာမ ဖြင့် သမုတ် သော တပါးအမျိုးသား အပေါင်း တို့ကိုသိမ်းယူ စေခြင်းငှါ ၊ လဲ လျက်ရှိသောဒါဝိဒ် ၏တဲ ကိုထို ကာလ ၌ ငါဆောက်တည် ပြန်မည်။ အက်ကွဲရာ များကိုစေ့စပ် မည်။

ထိုကာလ ၌ လူမျိုး အများ တို့သည် ထာဝရဘုရား ဘက်သို့ ဝင်စား ၍ ငါ ၏ လူ ဖြစ် ကြလိမ့်မည်။ သင့် အလယ် ၌ ငါနေ မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ငါ့ ကို သင့် ဆီ သို့ စေလွှတ် တော်မူသည်ကို သင်သိ ရ လိမ့်မည်။

ထိုကာလ ၌ ထာဝရဘုရား သည် ယေရုရှလင် မြို့ သားတို့ကို ကွယ်ကာ စောင့်မတော်မူသဖြင့်၊ အားနည်း သောသူသည် ထိုကာလ ၌ ဒါဝိဒ် မင်းကဲ့သို့ ၎င်း ၊ ဒါဝိဒ် မင်း မျိုး သည် ဘုရား သခင်ကဲ့သို့ ၎င်း ၊ သူ တို့ရှေ့ မှာ ထာဝရဘုရား ၏ ကောင်းကင် တမန်ကဲ့သို့ ၎င်း ဖြစ် လိမ့်မည်။

နေ ထွက် ရာအရပ်မှ သည် နေဝင် ရာအရပ်တိုင်အောင် တပါးအမျိုးသား တို့တွင် ငါ ၏နာမ တော်သည် ကြီးမြတ် ရလိမ့်မည်။ ခပ်သိမ်း သော အရပ် တို့၌ နံ့သာ ပေါင်း ကို ငါ ၏နာမ တော်အား မီးရှို့၍ ၊ သန့်ရှင်း သော ပူဇော် သက္ကာကို ဆက်ကပ် ရကြလိမ့်မည်။ ငါ ၏နာမ တော်သည် တပါးအမျိုးသား တို့တွင် ကြီးမြတ် ရလိမ့်မည်ဟု ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။

တစ်ဖန် မိန့် တော်မူသည်ကား၊ ဘုရားသခင် ၏ နိုင်ငံ တော်သည် အဘယ် အရာနှင့် တူ သနည်း။ အဘယ်သို့ ပုံပြ ရအံ့နည်း။

တရား နာ သောသူအများ တို့သည် ယုံကြည် ခြင်းသို့ရောက်၍ အရေအတွက် အားဖြင့်လူ ငါး ထောင် မျှလောက် ရှိကြ၏။

ထိုသို့ သခင် ဘုရား၏သာသနာ တော်သည် တန်ခိုး နှင့် တိုးပွား ၍ အောင်မြင် လေ၏။

သတ္တမ ကောင်းကင်တမန် သည် တံပိုး မှုတ်သောအခါ ၊ ကောင်းကင် ဘုံ၌ ကြီး သော အသံ တို့ကား ၊ လောကီ နိုင်ငံ သည် ငါ တို့အရှင် ၏ နိုင်ငံဖြစ် လေပြီ။ ထိုအရှင် ၏ ခရစ်တော် နိုင်ငံဖြစ် လေပြီ။ သူသည်လည်း ကမ္ဘာ အဆက်ဆက်စိုးစံ တော်မူမည်ဟု ပြောဆို ကြ၏။