TSK

TSK · ရှင်မာကုခရစ်ဝင်။ 6:48

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထိုသူကလည်း၊ ငါ့ ကိုလွှတ် ပါ၊ မိုဃ်းလင်း ဆဲရှိ ပြီ ဟုဆို လျှင် ၊ ယာကုပ်က၊ ကိုယ်တော် သည် အကျွန်ုပ် ကို ကောင်းကြီး မ ပေးလျှင် ၊ မ သွား ရဟုဆို ၏။

နက်ဖြန် နေ့၌ ရှောလု သည် လူ တို့ကို သုံး တပ် ခွဲ ပြီးမှ ၊ နံနက်ယံ အချိန်၌ ရန်သူအလုံးအရင်း ထဲသို့ ဝင် ၍ နေပူ ချိန်တိုင်အောင် အမ္မုန် အမျိုးသားတို့ကို လုပ်ကြံ သဖြင့် ၊ ကျန် ကြွင်းသောသူတယောက်နှင့် တယောက်ပေါင်း၍ မ နေ ရသည်တိုင်အောင် လူအပေါင်းတို့သည် ကွဲပြား လျက် ရှိကြ၏။

ရေ များ ဟုန်းသံ နှင့်တကွသမုဒ္ဒရာ လှိုင်း တံပိုးတို့သည်အားကြီး သည်ထက် ၊ ထာဝရဘုရား သည် မြင့် သော အရပ်၌ သာ၍တန်ခိုး ကြီးတော်မူ၏။

အို ညှဉ်းဆဲခြင်းနှင့် မိုဃ်း သက်မုန်တိုင်းတိုက် ခြင်းကို ခံရ၍၊ သက်သာ မရနိုင်သောသူ၊ သင် ၏ တိုက် ကို ဟင်းသ ပြတားသရွတ်နှင့် ငါစေ့စပ်မည်။ တိုက်မြစ် ကို နီလာ ဖြင့် ၎င်း၊

နှစ်ချက်တီး အချိန်ဖြစ်စေ ၊ သုံးချက်တီး အချိန်ဖြစ်စေ ၊ သခင် သည်လာ၍ ထိုသို့ တွေ့ လျှင်၊ ထို ကျွန်တို့ သည် မင်္ဂလာ ရှိ ကြ၏။

ထိုသား တို့မူကား၊ လူမျိုး နှင့်စပ်ဆိုင် ၍ ဘွားသောသားမ ဟုတ်။ မေထုန် သံဝါသအားဖြင့် ဘွားသော သားမ ဟုတ်။ လူ့ အလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွား တော်မူသောသားဖြစ်သတည်း။