ယောက်ျား ဖြစ်စေ ၊ မိန်းမ ဖြစ်စေ၊ ရှင်ဘုရင်ခေါ် တော်မ မူဘဲ အတွင်း တန်တိုင်း ၊ ရှင်ဘုရင် ထံ တော်သို့ ဝင် မိသောသူ သည် အသက် ချမ်းသာရမည်အကြောင်း ၊ ရွှေ ရာဇ လှံတံကို ကမ်း တော်မမူလျှင်၊ အမှန်သေ ရမည် အကြောင်း အမိန့် တော်ရှိသည်ကို၊ ရှင်ဘုရင် ၏ ကျွန် တော်မျိုးများနှင့် နိုင်ငံ တော်ပြည်သူ ပြည်သားများအပေါင်း တို့ သည် သိ ကြ၏။ အကျွန်ုပ် ကိုကား အရက် သုံးဆယ် ပတ်လုံး၊ ရှင်ဘုရင် ထံ တော်သို့ ခေါ် တော်မ မူဟု၊
TSK
TSK · ရှင်မာကုခရစ်ဝင်။ 8:35
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ကိရယတ် ယာရိမ်မြို့နေ၊ ရှေမာယ ၏သား ဥရိယ သည်လည်း၊ ထာဝရဘုရား ၏ နာမ တော်ကို အမှီပြု ၍၊ ထို မြို့ နှင့် ထိုပြည် တဘက် ၌ ပရောဖက် ပြု၍၊ ယေရမိ ဟောပြောသောစကား နှင့် တညီတည်းဟောပြော ၏။
လူအပေါင်း တို့သည်လည်း ငါ ၏နာမ ကြောင့် သင်တို့ကို မုန်း ကြလိမ့်မည် ။ အကြင်သူသည်အဆုံး တိုင်အောင် တည်ကြည် ၏။ ထိုသူ သည်ကယ်တင် ခြင်းသို့ ရောက်လိမ့်မည်။
အကြင်သူ သည် မိမိ အသက် ကို ကယ်ဆယ် ခြင်းငှာအလိုရှိ ၏။ ထိုသူသည် အသက် ရှုံး လိမ့်မည်။ အကြင်သူ သည် ငါ့ ကြောင့် အသက် ရှုံး ၏၊ ထိုသူသည်အသက် ကို တွေ့ လိမ့်မည်။
ပယ်ရှား နှင်ထုတ်၍ ကဲ့ရဲ့ ခြင်း၊ အသရေ ရှုတ်ချ ခြင်းကို ပြုသောအခါ သင်တို့သည် မင်္ဂလာ ရှိ ကြ၏။
အကြင်သူ သည် မိမိ အသက် ကို ကယ်ဆယ် ခြင်းငှာရှာကြံ ၏။ ထိုသူသည် အသက် ရှုံး လိမ့်မည်။ အကြင်သူ သည် အသက်ရှုံး ၏။ ထိုသူသည်မိမိအသက် ကို ကယ်ဆယ် လိမ့်မည်။
ကျွန် သည် မိမိ သခင် ထက်သာ၍ ကြီးမြတ်သည်မ ဟုတ် ဟု ငါ ပြော ခဲ့ပြီးသောစကား ကို အောက်မေ့ ကြ လော့။ သူတို့သည်ငါ့ ကိုညှဉ်းဆဲ လျှင် သင် တို့ကို ညှဉ်းဆဲ ကြလိမ့်မည်။ ငါ့ စကား ကိုနားထောင် လျှင် သင် တို့၏ စကားကို နားထောင် ကြလိမ့်မည်။
သို့ရာတွင် ဘုရားသခင် ၏ ကျေးဇူး တော်နှင့်ယှဉ်သော ဧဝံဂေလိ တရားကို သက်သေခံ စေခြင်းငှာ၊ သခင် ယေရှု ၏လက်မှ ငါခံ ခဲ့ပြီးသောဓမ္မဆရာ အမှုတည်းဟူသောငါ ဆောင်ရွက် ရသောအမှုကို ဝမ်းမြောက်စွာ ပြီးစီး စေမည်အကြောင်း ၊ ထိုညှဉ်းဆဲခြင်းအမှု တစ်စုံတစ်ခုကိုမျှ ငါသည်ပမာဏမ ပြု ၊ ကိုယ် အသက် ကိုလည်း နှမြော ခြင်းမရှိ၊
သင်တို့နှင့်အတူဧဝံဂေလိ တရားကို ဆက်ဆံ ခြင်းအလို့ငှာ ၊တရားကြောင့် ထိုသို့ငါပြု လေ့ရှိ၏။
ထိုကြောင့် ၊ ငါ တို့သခင် ဘုရား၏ သက်သေ ကို၎င်း၊ ထိုသခင် ကြောင့်အကျဉ်း ခံရသောသူဖြစ်သောငါ့ ကို ရှက်ကြောက် ခြင်းမ ရှိနှင့်။ ဘုရားသခင် ပေးတော်မူသော တန်ခိုး ကိုရသည်အတိုင်း ဧဝံဂေလိ တရားနှင့် ဆက်ဆံ၍ ဆင်းရဲ ဒုက္ခကိုခံလော့။
အကြောင်းမူကား ၊ ငါ့ ကိုယဇ်ပေါ်မှာလောင်း ရသော အချိန်ရှိပြီ။ စုတေ့ ရသောအချိန် ရောက် လေပြီ။
ချစ်သူ တို့၊ သင် တို့ကို စုံစမ်း စရာဘို့ ယခုခံရသော မီး စစ်ခြင်းအရာကိုကား၊ သင် တို့၌ အံ့ဩဘွယ် သောအရာဖြစ်သည်ဟု ထင်မှတ်၍၊ အံ့ဩ ခြင်းမ ရှိကြနှင့်။
ငါ က၊ သခင် ၊ ကိုယ်တော် သိ ပါ၏ဟု ပြန် လျှောက်၏။ သူကလည်း ၊ ဤ သူတို့သည် ကြီးစွာ သော ဆင်းရဲ ဒုက္ခအထဲ ကထွက်မြောက် ၍၊ မိမိ တို့ဝတ်လုံ ကို သိုးသူငယ် ၏ အသွေး ၌ လျှော် ၍ ဖြူ စေသော သူဖြစ် ကြ သတည်း။