TSK

TSK · တမန်တော်ဝတ္ထု။ 13:38

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Zpět na pasáž

¶ အပြစ် မှလွှတ် ခြင်း၊ ဒုစရိုက် အပြစ်ကို ဖုံးအုပ် ခြင်းသို့ ရောက်သောသူသည် မင်္ဂလာ ရှိ၏။

ဣသရေလ အမျိုးသည် ထာဝရဘုရား ကို မြော်လင့် ပါစေ။ အကြောင်း မူကား၊ ထာဝရဘုရား ၌ ကရုဏာ ရှိ၏။ များစွာ သော ရွေးနှုတ် ခြင်းကျေးဇူးရှိ၏။

သင် တို့ကိုထောက်၍ ဤအမှုကို ငါ ပြု သည် မ ဟုတ်ဟု သိမှတ် ကြလော့။ အိုဣသရေလ အမျိုး ၊ ကိုယ် ပြု မိသောအမှုကြောင့် ရှက်ကြောက် လျက် ၊ မိန်မော တွေဝေလျက်နေကြလော့ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။

လွန်ကျူး ခြင်းအမှုကို ဆီးတား ၍ အပြစ် ကို တံဆိပ်ခတ်စေခြင်းငှါ ၎င်း ၊ ဒုစရိုက် အပြစ်ကို ဖြေရှင်း ၍ ထာဝရ ကုသိုလ်ကို သွင်း စေခြင်းငှါ ၎င်း ၊ ဗျာဒိတ် ရူပါရုံနှင့် အနာဂတ္တိ ဗျာဒိတ်တော်တို့ကို တံဆိပ် ခတ်၍ ၊ အလွန် သန့်ရှင်း သော အရပ်ဌာနကိုလိမ်း စေခြင်းငှါ ၎င်း ၊ သိတင်း ခုနစ် ဆယ်ကို သင် ၏ အမျိုးသား ချင်းအဘို့ နှင့် သင် ၏ သန့်ရှင်း သောမြို့ အဘို့ ဆုံးဖြတ် ခြင်းရှိ၏။

¶ ထိုကာလ ၌ ဒါဝိဒ် မင်းမျိုး နှင့် ယေရုရှလင် မြို့ သားတို့၏ ဒုစရိုက် အပြစ်အညစ် အကြေးကို ဆေးကြောစရာဘို့ စမ်းရေ တွင်းသည် ပွင့် လျက်ရှိ လိမ့်မည်။

¶ နက်ဖြန် နေ့၌ယေရှု ကြွလာ တော်မူသည်ကို ယောဟန်သည်မြင် လျှင်၊ ဤလောက ၏အပြစ် ကို ဆောင်သွား သော ဘုရားသခင် ၏ သိုးသငယ် ကိုကြည့် လော့။

ပေတရု ကလည်း ၊ သင် တို့၏အပြစ် ကိုလွတ် စေခြင်းငှာ နောင်တရ ၍ တစ်ယောက်မျှမကြွင်း၊ ယေရှု ခရစ် ၏ နာမ ၌ ဗတ္တိဇံ ကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်း သောဝိညာဉ် တော်တည်းဟူသောဆုကျေးဇူး တော်ကို ခံရ ကြလိမ့်မည်။

ဣသရေလ လူတို့အား နောင်တ တရားနှင့် အပြစ် လွှတ် ခြင်း အခွင့်ကိုပေး စေခြင်းငှာ၊ ထို သူကို အစိုးရသောအရှင် အရာ၌၎င်း ၊ ကယ်တင် သော သခင် အရာ၌၎င်း၊ ဘုရားသခင် ခန့်ထား၍ မိမိ လက်ျာ လက်တော်နှင့် ချီးမြှင့် တော်မူပြီ။

ထိုကြောင့် ဘုရားသခင် ၏ ကယ်တင် တော်မူခြင်း ကျေးဇူးတော်ကို တစ်ပါး အမျိုးသားတို့အား ပေး လိုက် သည်ဖြစ်၍ ၊ သူ တို့သည်နားထောင် မည်အရာကို သင် တို့ သိမှတ် ကြလော့ဟု၊

ခပ်သိမ်း သော သတိ ပညာ တော်နှင့် လျော် စွာငါ တို့၌ အတိုင်းထက်အလွန်များ လှစွာသော ကျေးဇူး တော်သည် ကြွယ်ဝ ပြည့်စုံသည်နှင့်အညီ ၊

ထိုသား တော်၏ အသွေးအားဖြင့် အပြစ် လွှတ် တော်မူခြင်းတည်းဟူသောရွေးနှုတ် တော်မူခြင်း ကျေးဇူးကို ငါတို့သည် ခံရ ကြ၏။။

ထိုအခါငါသည် သူ တို့အပြစ် များကို သည်းခံ မည်။ သူ တို့ပြစ်မှား ခြင်း၊ လွန်ကျူးခြင်းများကို မ အောက်မေ့ ဘဲနေမည်ဟု ထာဝရ ဘုရား မိန့် တော်မူ၏

ပညတ် တရားအတိုင်း ခပ်သိမ်း သောအရာတို့ကို ကုန်မတတ် အသွေး အားဖြင့် စင်ကြယ် စေတတ်၏။ အသွေး မ သွန်းလောင်းဘဲ အပြစ်လွတ် ခြင်းမ ရှိ

¶ ချစ်သား တို့၊ သင် တို့သည်ဒုစရိုက်ကိုမ ပြု စေခြင်းငှာ ဤအရာ များကိုသင်တို့အား ငါရေး ၍ပေးလိုက်၏။ တစ်စုံတစ်ယောက် သောသူသည် ဒုစရိုက် ကိုပြုမိလျှင် ၊ ဖြောင့်မတ် တော်မူသောအရှင်ယေရှု ခရစ် တည်းဟူသောငါတို့အမှုဆောင် သခင်သည် ခမည်းတော် ထံ၌ ရှိ တော်မူ၏။