ရှင် ဘုရင်သည် ထိုလုလင် တို့နှင့် ဆွေးနွေး မေးမြန်းတော်မူပြီးလျှင် ၊ ဒံယေလ ၊ ဟာနနိ ၊ မိရှေလ ၊ အာဇရိ တို့နှင့် တူ သောသူတယောက်မျှမ ရှိ သောကြောင့် ၊ သူတို့သည် အထံ တော်၌ ခစား ရသောအခွင့်အရာကို ရကြ၏။