ခါလဒဲ ဆရာတို့ကလည်း၊ အရှင် မင်းကြီး၏ အမှု အရာကို ဖြေ နိုင် မည်သူ ၊ မြေကြီး ပေါ် မှာ တယောက်မျှ မ ရှိ ပါ။ အဘယ်မည်သော ရှင် ဘုရင်သည် ဘုန်း တန်ခိုးကြီးသော်လည်း၊ မာဂု ပညာရှိ၊ ဗေဒင် တတ်၊ ခါလဒဲ ဆရာတို့ကို ဤသို့ မေးမြန်း လေ့မ ရှိပါ။