ထိုကြောင့်၊ အရပ်ရပ်တို့၌ နေ၍အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသော လူ အမျိုးမျိုး တို့တွင် တစုံတယောက်သောသူသည်၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့၏ ဘုရား သခင်အား ပြစ်မှားသော စကား ကို ပြောလျှင်၊ ထိုသူကို အပိုင်းပိုင်း စဉ်း စေ။ သူ ၏အိမ် ကိုလည်း နောက်ချေးပုံ ဖြစ်စေဟု ငါ အမိန့် တော် ရှိ၏။ အကြောင်း မူကား၊ ထိုမျှလောက် သော ကယ်တင် ခြင်းကို ထိုဘုရားသခင်မှတပါး အဘယ်ဘုရား မျှ မ ပြုနိုင် ဟု မိန့်တော်မူပြီးမှ၊