ထိုအခါ ဗေလတရှာဇာ အမည် ရှိသော ဒံယေလ သည် တ နာရီ လောက် မိန်းမော တွေဝေ၍ စိတ် ပူပန်လျက် နေ၏။ ရှင် ဘုရင်က၊ အချင်းဗေလတရှာဇာ ၊ အိပ်မက် အနက် အဓိပ္ပါယ်ကြောင့် ပူပန် သောစိတ်မ ရှိပါနှင့်ဟု မိန့် တော်မူ၏။ ဗေလတရှာဇာ ကလည်း၊ အရှင် စော၊ ကိုယ်တော် ကို မုန်း သော ရန်သူ တို့အပေါ်၌ အိပ်မက်အနက် ရောက်ပါစေသော။