အရှင် မင်းကြီး၊ ကိုယ်တော် ပင် ဖြစ်ပါ၏။ ကိုယ်တော်သည် ကြီးပွား ၍ ခွန်အား နှင့်ပြည့်စုံတော်မူ၏။ ဘုန်း စည်းစိမ်တော်ကြီး မြင့်၍ မိုဃ်း ကောင်းကင်သို့ ထိ ၏။ အာဏာစက် တော်လည်း၊ မြေကြီး စွန်း တိုင်အောင် ရောက် တော်မူ၏။