မှူးမတ်အရာရှိတို့ကလည်း၊ အရှင် မင်းကြီး၊ ယုဒ ပြည်က သိမ်းယူ ခဲ့ သော ယုဒလူမျိုးဒံယေလ သည် အာဏာတော်ကို ပမာဏ မ ပြု၊ တံဆိပ် ခတ်တော်မူသော အမိန့် တော်ကို ဆန့်ကျင်လျက်၊ တနေ့ သုံး ကြိမ် တိုင်အောင်ဆုတောင်း ၍ နေပါသည်ဟု လျှောက်ထား ကြ၏။