TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 8:24

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Zpět na pasáž

အမြင့်ဆုံး သော ဘုရားကို ဆန့်ကျင် ဘက်ပြု၍၊ ကြီးစွာသော စကား ကို ပြော လိမ့်မည်။ အမြင့်ဆုံး သော ဘုရား၏သန့်ရှင်း သူတို့ကို ညှဉ်းဆဲ နှိပ်စက်လိမ့်မည်။ ကာလ အချိန်နှင့် ပညတ် တရားတို့ကို ပြောင်းလဲ စေခြင်းငှါ ကြံစည် လိမ့်မည်။ တကာလ ၊ နှစ်ကာလ ၊ ကာလ တဝက် ပတ်လုံးသူသည် အခွင့်ရ လိမ့်မည်။

အပြစ် များသောကြောင့် နေ့ရက်အစဉ် ပြုသောဝတ်နှင့်တကွ ဗိုလ်ခြေ ကိုလည်း ထိုချိုသည်ရ၍ သမ္မာ တရား ကို မြေ သို့ နှိမ့်ချ ၏။ ထိုသို့ ပြု ၍ အောင်မြင် ခြင်းသို့ ရောက်လေ၏။

ထိုမင်းနောက်မှစစ်လက်နက် တို့သည် ပေါ် လာ သဖြင့် ၊ တန်ခိုးကြီးသော သန့်ရှင်း ရာဌာနတော်ကို ညစ်ညူး စေ၍၊ နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်ရှင်း ကြ လိမ့်မည်။ ဖျက်ဆီး တတ်သောရွံ့ရှာ ဘွယ်အရာကိုလည်း တည် ထားကြလိမ့်မည်။

ပိတ်ချော ကိုဝတ် လျက် မြစ် ရေ ပေါ် မှာရှိသော လူ ကလည်း၊ တကာလ၊ နှစ်ကာလ၊ ကာလတဝက် ပတ်လုံးဖြစ်လိမ့်မည်။ သန့်ရှင်း သောသူ တို့ ၏ အစွမ်း သတ္တိကို အရပ်ရပ်သို့ ဖြန့် လွှင့်ခြင်းအမှုပြီး သောအခါ ၊ ထို အမှု အရာ အလုံးစုံ တို့သည် ကုန်စင် ကြလိမ့်မည်ဟု လက်နှစ်ဘက်ကို ကောင်းကင် သို့ ချီ လျှက် ၊ ကမ္ဘာ အဆက်ဆက်အသက် ရှင်တော်မူသောဘုရားကို တိုင်တည် ၍ ကျိန်ဆိုသည် ကို ငါကြား ၏။

ကောင်းကင် တမန်ကလည်း ၊ ပစ္စုပ္ပန် ၊ အတိတ် ၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော အရှင် ၊ ကိုယ်တော် သည် ဤသို့တရားစီရင်တော်မူသည်အမှု မှာ ဖြောင့်မတ် တော်မူ၏။

ဖြစ် ဘူး၍ ဖြစ် ဆဲမရှိ သောသားရဲ သည် ရှစ် ပါးမြောက်သော ရှင်ဘုရင်ဖြစ် ၏။ ခုနစ် ပါးအဝင်လည်း ဖြစ် ၏။ ဖျက်ဆီး ခြင်းသို့ ရောက် ရလိမ့်မည်။

စီရင် တော်မူခြင်းအရာတို့သည် ဟုတ်မှန် ဖြောင့်မတ် ကြ၏။ မိမိ မတရား သော မေထုန်အားဖြင့် မြေကြီး ကို ပုပ်ပျက် စေသော ပြည်တန်ဆာ ကြီး ကို စစ်ကြော စီရင်တော်မူပြီ။ ကိုယ်တော် ကျွန် တို့၏ အသွေး ကို သူ ၏ လက် ဖြင့် သွန်းသော အပြစ်နှင့်အလျောက် ဒဏ် ပေးတော်မူပြီဟု ပြောဆို ကြသည်ကို ငါကြား ၏။