TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 8:26

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Zpět na pasáž

အချင်းလူသား ၊ ဣသရေလ အမျိုးသား တို့က၊ သူ မြင် သော ဗျာဒိတ် ရူပါရုံသည် ဝေးသေး၏။ ဝေး သေး သောကာလ ကို ရည်မှတ်၍ ဟော တတ်သည်ဟု ပြောဆို ကြ၏။

¶ ပေရသိ ရှင်ဘုရင် ကုရု နန်းစံသုံး နှစ် တွင် ၊ ဗေလတရှာဇာ အမည် ဖြင့် သမုတ် သော ဒံယေလ သည် ဗျာဒိတ် တော်ကိုခံရ ၏။ ထိုဗျာဒိတ် တော်စကား မှန် ပေ၏။ ကြီးစွာ သော စစ်တိုက် ခြင်းနှင့် ဆိုင်ပေ၏။ သူသည် ထိုစကား ကို နားလည် ၏။ မြင်ရသောရူပါရုံ သဘောကိုလည်း ရိပ်မိ၏။

သင် ဒံယေလ မူကား ၊ အမှုကုန် ရသည် ကာလ တိုင်အောင် ၊ ဤစကား တော်တို့ကို ပိတ် ၍ စာစောင် ကို တံဆိပ် ခတ်ထားလော့။ အများ သောသူတို့ သည် ထိုစာကို ကြည့်၍ရှုသောအားဖြင့် ပညာ တိုးပွား လိမ့်မည်ဟု ပြောဆို ၏။

သင်သည်ငါ့ အဘို့ နေ့ရက် များစွာ စောင့်၍ နေ ရမည်။ ပြည်တန်ဆာ မ လုပ်ရ။ အခြားသော ယောက်ျား နှင့် မ ပေါင်းဘော် ရ။ သို့ပြုလျှင် ၊ သင့် အဘို့ ငါ စောင့်၍ နေမည်ဟု ပြော ထား၏။

တစ်ဖန်တုံ ၊ ငါ့ အားမိန့် တော်မူသည်ကား၊ ဤ စာစောင် ၏ အနာဂတ္တိ စကား ကို တံဆိပ် မ ခတ်နှင့်။ အကြောင်းမူကား၊ ကာလ အချိန် ရောက် လုနီးပြီ။