TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 13:32

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Zpět na pasáž

အကျွန်ုပ် သည် မြေကြီး ပေါ်မှာ ကိုယ်တော် ကို ဘုန်း ထင်ရှားစေပါပြီ။ အကျွန်ုပ်ဆောင်ရွက် စရာဘို့ အကျွန်ုပ် အပ်ပေး တော်မူသောအမှု ကို အကျွန်ုပ်ဆောင်ရွက်၍ ပြီး ပါပြီ။

ထိုသား တော်ကို အလုံးစုံ တို့၏ အမွေခံ သခင် အရာ၌ ခန့်ထား တော်မူ၏။ သား တော်အားဖြင့် လည်း လောက ဓါတ်တို့ကို တည် တော်မူ၏

ငါ သည်အောင်မြင် ၍ ငါ့ ခမည်းတော် ၏ ပလ္လင် တော်ပေါ်မှာ ခမည်းတော် နှင့်အတူ ထိုင် နေသကဲ့သို့ ၊ အောင်မြင် သော သူ သည်ငါ ၏ ပလ္လင် ပေါ်မှာ ငါ နှင့်အတူ ထိုင် နေရသောအခွင့်ကိုငါပေး မည်။

¶ တဖန် ၊ ကျောက် သလင်းကဲ့သို့ ကြည်လင် ၍၊ ဘုရားသခင် နှင့် သိုးသူငယ် ၏ ပလ္လင် တော်ထဲက ထွက် သော၊ အသက် ရေစီး ရာမြစ် ကို ကောင်းကင်တမန်သည် ငါ့ အား ပြ လေ၏။

ငါ သည် အာလဖ ဖြစ်၏ ဩမေဃ လည်း ဖြစ်၏။ အဦးဆုံး သောသူ ၊ နောက်ဆုံး သော သူ ဖြစ်၏။ အစ နှင့် အဆုံး လည်း ဖြစ်၏။