¶ ထို နောက်မှ ယေရှု သည် တပည့် တော်တို့နှင့်အတူ ယုဒ ပြည်၏ကျေးလက် သို့ ကြွ တော်မူလျှင်၊ ထို အရပ်၌ တပည့် တော်တို့နှင့်တကွ နေ တော်မူ၍ ဗတ္တိဇံ ကို ပေးလေ၏။