TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 3:30

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Zpět na pasáž

ဒါဝိဒ် မင်း၏ ရာဇ ပလ္လင်ပေါ် မှာထိုင်၍၊ နိုင်ငံ တော်ကို နောင်ကာလအစဉ်မပြတ်၊ တရား တော်အတိုင်း ဖြောင့်မတ် စွာစီရင်၍အမြဲတည် စေတော်မူမည်အကြောင်း ၊ အာဏာ တော် တိုးတက် ခြင်းနှင့် ငြိမ်သက် တော်မူခြင်း သည် နိစ္စ အမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် အလို တော်အားကြီး၍၊ ထို အမှုကို ပြီးစီး စေတော်မူလိမ့်မည်။

ထိုသို့ မိမိ အသက် ကို သေ ခြင်း၌ သွန်း ၍၊ မတရား သောသူတို့ နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်သဖြင့် ၊ လူများ တို့၏အပြစ် ကို ဆောင်ရွက် ၍ ၊ မတရား သောသူတို့ အဘို့ တောင်းပန် သောကြောင့် ၊ လူကြီး တို့ကို သူ ၏ အဘို့ဖြစ်စေခြင်းငှါ ငါခွဲ မည်။ အစွမ်းသတ္တိရှိသောသူတို့ ကို သူ၏လက်ရဥစ္စာကဲ့သို့၊ ကိုယ်တိုင်ဝေဖန်ရသောအခွင့် ရှိလိမ့်မည်။

လက် နှင့် မ ထုမလုပ်ဘဲ ကျောက် တလုံးသည် တောင် ပေါ်က အလိုလိုပဲ့ကွာ ၍၊ သံ ၊ ကြေးဝါ ၊ သရွတ် ၊ ငွေ ၊ ရွှေ တို့ကိုချိုးဖဲ့ သည် ကိုမြင် တော်မူသည်အကြောင်းအရာမှာ ၊ ပျက်စီး ခြင်းသို့မ ရောက်နိုင်သော နိုင်ငံ တခုကို ထို မင်းကြီး များလက်ထက် ၌ ကောင်းကင်ဘုံ ရှင်ဘုရားသခင် သည်တည်ထောင် စေတော်မူမည်။

ဒါဝိဒ် သည်မိမိ ကာလ ၌ ဘုရားသခင် ၏ အလို တော်ကို ဆောင်ရွက် ပြီးလျှင်၊ ကျိန်းစက် ၍ မိမိ ဘိုးဘေး စုထဲသို့ ဝင် သဖြင့် ပုပ်စပ် ခြင်း သို့ ရောက် လေ၏။

ထိုမှတစ်ပါး ပျောက် တတ်သော ရောင်ခြည်တည်းဟူသောမောရှေ ၏မျက်နှာ မှ ထွက်သောရောင်ခြည် ကြောင့် ၊ ဣသရေလ အမျိုးသား တို့သည် သူ ၏မျက်နှာ ကိုစေ့စေ့ မ ကြည့်ရှုနိုင် သည်တိုင်အောင် ၊ ကျောက် ပြားပေါ်၌ အက္ခရာတင် ၍ ရေး ထားသောသေခြင်း ၏တရား သည် ဘုန်း အာနုဘော်နှင့် ပြည့်စုံ သည်မှန်လျှင် ၊

မောရှေ သည် ဘုရားသခင် ၏ အိမ် တော်တစ် အိမ်လုံး၌ သစ္စာစောင့်သကဲ့သို့ ၊ ယေရှုသည် မိမိ ကိုခန့်ထား တော်မူသောသူ ၏ အမှုတော်၌ သစ္စာစောင့် တော်မူ၏