ဂါလိလဲ ပြည်သို့ ရောက် တော်မူသောအခါ ၊ ဂါလိလဲ လူတို့သည် ကိုယ်တော် ကိုလက်ခံ ကြ၏။ အကြောင်းမူကား ၊ ထိုသူ တို့သည် ယေရုရှလင် မြို့၌ ခံသောပွဲ သို့ သွား တတ်သဖြင့် ၊ ထိုပွဲ အတွင်း တွင် ပြု တော်မူသမျှ တို့ကို မြင် ခဲ့ကြ၏။