¶ ယေရိခို မြို့သို့ ရောက် ကြလျှင် ၊ တပည့် တော်တို့မှစ၍ များစွာ သောလူ အပေါင်းတို့နှင့်တကွ ထိုမြို့ မှ ထွက်ကြွ တော်မူစဉ်တွင်၊ တိမဲ ၏သား ဗာတိမဲ အမည်ရှိသော လူကန်း သည် လမ်း နား မှာထိုင် ၍ တောင်းစား လေ ၏။