ဗေသနိ ရွာတွင် ရှိမုန် အမည်ရှိသော လူနူ ၏အိမ် ၌ ကိုယ်တော် ရှိ တော်မူသည်ဖြစ်၍ ၊ မိန်းမ တစ်ယောက်သည် အဘိုး များစွာထိုက်သောနာဒု ဆီမွှေး စစ် နှင့်ပြည့်သော ကျောက်ဖြူ ခွက်တစ်လုံးကို ယူခဲ့ ၍ကိုယ်တော် သည် စားပွဲနားမှာ လျောင်း တော်မူစဉ်၊ ကျောက်ဖြူ ခွက်ကိုခွဲ ပြီးမှခေါင်း တော်ပေါ်၌သွန်းလောင်း လေ၏။