TSK

TSK · ရှင်မာကုခရစ်ဝင်။ 4:22

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Zpět na pasáž

ဖြောင့်မတ် ခြင်းတရားကို ပရိသတ် ကြီး အလယ် မှာ အကျွန်ုပ် ဟော ပါပြီ။ အိုထာဝရဘုရား ၊ အကျွန်ုပ် သည် ကိုယ်နှုတ် ကိုပိတ် ၍ မ နေကြောင်းကို ကိုယ်တော် သိ တော်မူ ၏။

အကြောင်း မူကား၊ ဘုရား သခင်သည် ခပ်သိမ်း သော ဝှက်ထား ခြင်းမှစ၍ ၊ အလုံးစုံ သောအမှု ၊ ကောင်း မကောင်း ရှိသမျှတို့ကို စစ်ကြော ၍၊ တရားသဖြင့် စီရင် တော်မူလတံ့သတည်း။

ဆိတ်ကွယ် ရာ၌ရှိ သမျှတို့သည် ထင်ရှား လိမ့်မည်။ ဝှက်ထား လျက်ရှိသမျှတို့သည်လည်းထင်ရှား စွာ ပွင့်လင်း လိမ့်မည်။

ငါ တို့သည်ကြား လျက်၊ မြင် လျက်ရှိသောအရာ တို့ကိုမ ဟော မပြောဘဲမ နေနိုင် ဟု ထိုသူ တို့အား ဆို ကြ၏။

ထိုသို့ဖြစ်လျှင်မှောင်မိုက် ၌ ဝှက်ထား သော အရာတို့ကို ပွင့်လင်း စေ၍ စိတ် နှလုံးအကြံအစည် များကို ထင်ရှား စေလတံ့သော သခင် ဘုရားကြွလာ တော်မ မူမှီ တိုင်အောင် အဘယ် အမှုကိုမျှ အဆုံးအဖြတ်မ စီရင် ကြနှင့်။ ကြွလာတော်မူသောအခါ၊ အသီးသီး တို့သည် ဘုရားသခင် ချီးမွမ်း တော်မူခြင်းကျေးဇူးကို ခံရ ကြလတံ့။