TSK

TSK · ရှင်မာကုခရစ်ဝင်။ 4:26

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Zpět na pasáž

မ တရားသောသူပြု သော အမှု သည် အမြဲ မတည်တတ်။ ဖြောင့်မတ် ခြင်းတရားမျိုးစေ့ကို ကြဲ သော သူမူကား ၊ မြဲမြံ သော အကျိုး ကိုခံရလိမ့်မည်။

နံနက် အချိန်၌ မျိုးစေ့ ကိုကြဲ လော့။ ညဦး အချိန်၌ လည်း မ ကြဲ ဘဲမနေနှင့်။ အကြောင်း မူကား၊ အဘယ် အရာ သည် အကျိုး ရှိမည်ကို၎င်း၊ နှစ်ပါး စလုံးတို့သည် အညီအမျှ အကျိုး ရှိမည်ကို၎င်းမ သိ နိုင်။

ရေ ရှိရာအရပ်ရပ် တို့၌ မျိုးစေ့ကိုကြဲ ၍၊ နွား ခြေ နှင့် မြည်း ခြေ တို့ကို လွှတ် တတ်သောသင် တို့သည် မင်္ဂလာ ရှိကြ၏။

ထိုအခါ မှစ၍ ယေရှု က၊ နောင်တရ ကြလော့။ ကောင်းကင် နိုင်ငံ တော်သည် တည်လုနီး ပြီဟူသောတရား ကို ဟောစ ပြုတော်မူ၏။

ကိုယ်တော်က၊ သင် တို့သည် ကောင်းကင် နိုင်ငံ တော်၏နက်နဲ သော အရာတို့ကိုသိ ရသော အခွင့် ရှိကြ၏။ ထို သူတို့မူကား အခွင့် မ ရှိကြ၊

¶ အခြား သောဥပမာ စကားကို မိန့်မြွက် တော်မူသည်ကား၊ ကောင်းကင် နိုင်ငံ တော်သည် လယ် ၌ စိုက် သော မုန်ညင်း စေ့ နှင့်တူ ၏။

နားထောင် ကြလော့။ မျိုးစေ့ ကြဲသောသူ သည် မျိုးစေ့ ကိုကြဲခြင်းငှာထွက်သွား ၏။”

မျိုးစေ့ ကြဲသောသူ သည် မျိုးစေ့ ကိုကြဲ ခြင်းငှာထွက်သွား ၏။ အစေ့ကို ကြဲ သည်တွင် အချို့ သော အစေ့ တို့သည် လမ်း ၌ ကျ သဖြင့် ကျော်နင်း ခြင်းကို ခံရ၍ မိုဃ်း ကောင်းကင်ငှက် တို့သည် ကောက်စား ကြ၏။

တစ်ဖန် မိန့် တော်မူသည်ကား၊ ဘုရားသခင် ၏ နိုင်ငံ တော်သည် အဘယ် အရာနှင့် တူ သနည်း။ အဘယ်သို့ ပုံပြ ရအံ့နည်း။

ငါအမှန်အကန် ဆို သည်ကား၊ မြေ ၌ ကျ သောစပါး စေ့ သည် မ ပျက် လျှင် တစ်ခု တည်းနေ ၏။ ပျက် လျှင် မူကား များစွာ သောအသီး ကို သီး တတ်၏။

အသင့်အတင့် နေခြင်းငှာ ပြုစု တတ်သော သူ တို့သည် ဖြောင့်မတ် ခြင်းတရား၏ မျိုးစေ့ ကိုငြိမ်သက် စွာကြဲ တတ်ကြ၏။