TSK

TSK · ရှင်မာကုခရစ်ဝင်။ 8:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Zpět na pasáž

တိရစ္ဆာန် သဘောရှိသောသူ တို့၊ နားလည် ကြလော့။ လူမိုက် တို့၊ အဘယ် ကာလမှ ပညာ သတိကို ရကြလိမ့်မည်နည်း။

အကြောင်းမူကား ၊ သူ တို့စိတ် နှလုံး မိုက် သည်ဖြစ် ၍ မုန့် ၌ပြသောတန်ခိုးတော်ကို ပမာဏ မ ပြုကြ။

ယေရှုသည် သိ တော်မူလျှင် ၊ သင်တို့၌ မုန့် မ ပါ သည်ကိုထောက် ၍ အဘယ်ကြောင့် အချင်းချင်းဆွေးနွေး ပြောဆိုကြသနည်း။ ယခုတိုင်အောင်နှလုံး မ သွင်း၊ နား မ လည်ကြသလော။ သင် တို့ စိတ် နှလုံးမိုက် သေး သလော။”

¶ ယေရှု က၊ ဖိလိပ္ပု ၊ ဤမျှကာလ ပတ်လုံး ငါသည်သင် တို့နှင့်အတူ ရှိ ပြီးမှ သင်သည် ငါ့ ကို မ သိ သေး သလော။ ငါ့ ကိုမြင် သောသူ သည်ခမည်းတော် ကိုမြင် ၏။ သို့ဖြစ်လျှင်၊ ခမည်းတော် ကို အကျွန်ုပ် တို့အား ပြ တော်မူပါဟု သင် သည်အဘယ်သို့ ဆို သနည်း။

တရား သဖြင့် နိုး ကြလော့။ ဒုစရိုက် ကိုမ ပြုကြနှင့်။ အချို့ သော သူတို့သည် ဘုရားသခင် ကို မ သိကြ။ ထိုသို့ဆိုသော်၊ သင် တို့ကို ရှက်ကြောက် စေခြင်းငှာ ငါဆို ၏။