တဖန် ပြန် လာ၍ ၊ ကာဒေရှ ပြည်၊ အင်မိရှပတ် မြို့သို့ ရောက် ပြီးလျှင်၊ အာမလက် ပြည် ရှိသမျှ ကို၎င်း ၊ ဟာဇဇုန္တာမာ မြို့၌ နေ သောအာမောရိ လူများကို၎င်း လုပ်ကြံ ကြ၏။
TSK
TSK · တောလည်ရာကျမ်း 13:29
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ဟိတ္တိ လူ၊ ဖေရဇိ လူ၊ ရေဖိမ် လူ၊ အာမောရိ လူ၊ ခါနနိ လူ၊ ဂိရဂါရှိ လူ၊ ယေဗုသိ လူတို့ကို၎င်း၊
သူ တို့ကို အဲဂုတ္တုပြည်၊ အဲဂုတ္တု လူတို့လက် မှ ကယ်နှုတ် ၍ ၊ ခါနနိ လူ၊ ဟိတ္တိ လူ၊ အာမောရိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့နေရာ ၊ နို့ နှင့် ပျားရည် စီး တတ်သော ပြည် သို့ ပို့ဆောင် ခြင်းငှါ ငါဆင်း လာပြီ။
ထိုအခါ အာမလက် လူတို့သည် လာ ၍ ၊ ရေဖိဒိမ် အရပ်၌ ဣသရေလ လူတို့ကို စစ်တိုက် ကြ၏။
အာမလက် အမျိုးသားနှင့် ခါနာန် အမျိုးသားတို့ သည် သင် တို့မ ရောက်မှီရောက်နှင့်သည်ဖြစ်၍၊ သင်တို့သည် ထား ဖြင့် ဆုံး ကြလိမ့်မည်။ ထာဝရဘုရား ထံ တော်မှ လွှဲသွား သောကြောင့် ၊ ထာဝရဘုရား သည် သင် တို့ဘက်၌ နေ တော်မ မူဟုဆို သော်လည်း ၊
တဖန် အာမလက် ပြည်ကို ကြည့်ရှု ၍ ပရောဖက် စကားအားဖြင့်မြွက်ဆို ပြန်သည်ကား၊ အာမလက် အမျိုး သည် လူမျိုးတကာတို့ထက် အထွဋ် ဖြစ်ဘူးသော်လည်း ၊ အဆုံး ၌ ရှင်းရှင်းပျက်စီးခြင်း သို့ ရောက်လိမ့်မည်ဟု မြွက်ဆို ၏။
ဟိတ္တိ လူ၊ အာမောရိ လူ၊ ခါနနိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့သည် မိမိ တို့ဘုရား များ၌ ပြု သော စက်ဆုပ် ရွံရှာဘွယ်အမှုတို့ကို သင့်အား သွန်သင် ၍၊
¶ ထာဝရဘုရား သည် ဣသရေလ အမျိုးသား တို့ ကူး စေခြင်းငှါ၊ ယော်ဒန် မြစ်ရေ ကို ခန်းခြောက် စေတော်မူသည်အကြောင်းကို၊ ယော်ဒန် မြစ်အနောက် ဘက် ၌ နေသောအာမောရိ မင်းကြီး အပေါင်း ၊ ပင်လယ် နား မှာ နေသောခါနနိ မင်းကြီး အပေါင်း တို့သည် ကြား သိသောအခါ ၊ ရဲရင့်ခြင်းသတ္တိ အလျှင်း မ ကြွင်း၊ ဣသရေလ အမျိုးသား တို့ကြောင့် စိတ်ပျက် ကြ၏။
ဣသရေလ အမျိုးသားတို့သည် ခါနနိ လူ၊ ဟိတ္တိ လူ၊ အာမောရိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့တွင် နေ ၍၊
ဗိုလ်ခြေ များကို နှိုးဆော် ၍ အာမလက် အမျိုးသားတို့ကို လုပ်ကြံ သဖြင့် ၊ ဣသရေလ အမျိုးသားတို့ကို လုယက် ဖျက်ဆီးသောသူတို့ လက် မှ ကယ်နှုတ် လေ၏။
တရံရောအခါဒါဝိဒ် နှင့် သူ ၏လူ တို့သည် သွား ၍ ဂေရှုရိ လူ၊ ဂေရဇိ လူ၊ အာမလက် လူတို့ကို တိုက် ကြ၏။ ထိုလူမျိုးတို့သည် ရှေး ကာလ၌ ရှုရ မြို့လမ်းမှစ၍ အဲဂုတ္တု ပြည် တိုင်အောင် အမြဲနေ သောသူဖြစ်သတည်း။
ရှေ့ တော်၌ သူ့ သဘော ဖြောင့် သည်ကို တွေ့ သောကြောင့်၊ ခါနနိ ပြည် ၊ ဟိတ္တိ ပြည်၊ အာမောရိ ပြည်၊ ဖေရဇိ ပြည်၊ ယေဗုသိ ပြည်၊ ဂိရဂါရှိ ပြည်တို့ကို အာဗြဟံ အမျိုးအနွယ် အား ငါပေး မည်ဟု ဝန်ခံသည် အတိုင်း သစ္စာ တော်မပျက်ပြု တော်မူ၏။