TSK

TSK · သုတ္တံကျမ်း။ 15:10

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Zpět na pasáž

¶ ဣသရေလ ရှင် ဘုရင်က၊ ထာဝရဘုရား ကို မေးမြန်း ရသောသူ တယောက် ဣမလ သား မိက္ခါ ရှိသေး ၏။ သို့ရာတွင် ထိုသူ ကို ငါ မုန်း ၏။ ငါ ၌ မင်္ဂလာ စကားကို မ ဟော။ အမင်္ဂလာ စကားကိုသာ ဟောတတ်သည်ဟု ယောရှဖတ် အား ဆို လျှင် ၊ ယောရှဖတ် က ထိုသို့ မင်းကြီး မ ပြော ပါနှင့်ဟု ပြန်ဆို ၏။

ဆုံးမ သွန်သင်ခြင်းကို သင် သည်မုန်း ၍ ငါ့ စကား ကို သင့် နောက် ၌ ပစ် ထားပါသည်တကား။

ငါသည် သွန်သင် ခြင်းကို မုန်း လေပြီတကား။ ဆုံးမ ခြင်းကို စိတ် နှလုံးထဲမှာ မထီမဲ့မြင် ပြုလေပြီ တကား။

¶ နည်း ဥပဒေကို ခံ ချင်သောသူသည် ပညာ အတတ်ကို နှစ်သက် ၏။ ဆုံးမ ခြင်းကိုမုန်း သော သူမူကား ၊ တိရစ္ဆာန် သဘောရှိ၏။

သူတို့သည် ငါ့ ကိုရိုက် ကြပြီ။ သို့သော်လည်းငါမ နာ။ ငါ့ ကိုထိုး ကြသော်လည်းငါမ သိ။ အဘယ် အချိန် မှ ငါနိုး ရမည်နည်း။ တဖန် ငါရှာ ဦးမည်ဟု သင်ဆိုလိမ့် သတည်း။

သင့် ကိုပို့ဆောင် တော်မူသောသင် ၏ဘုရား သခင် ထာဝရဘုရား ကို သင် သည်စွန့် သောကြောင့်၊ ထို သို့သော အပြစ်ရောက် သည် မ ဟုတ်လော။

သို့မဟုတ် ၊ လူဆိုး ကိုသူ ၏ လမ်း မှ လွှဲ စေခြင်းငှါ သင် သည် သတိပေး ၍ သူသည်မ လွှဲ ဘဲနေလျှင်၊ မိမိ အပြစ် ကြောင့် အသက် ဆုံးသော်လည်း ၊ သင် သည် ကိုယ် အသက် ကို ကယ်တင် ပြီ။

လောကီသား တို့သည် သင် တို့ကိုမ မုန်း နိုင် ။ ငါ့ ကိုမုန်း ကြ၏။ အကြောင်းမူကား ၊ ငါ သည်သူ တို့၏အကျင့် ဆိုးညစ် ကြောင်း ကို သက်သေခံ ၏။