TSK

TSK · သုတ္တံကျမ်း။ 23:11

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Zpět na pasáž

ငါ့ ကို ရွေးနှုတ် သောသခင်သည် အသက် ရှင်၍၊ နောင် ကာလ၌ မြေမှုန့် အပေါ် မှာ ပေါ် လာတော်မူမည် ဟူ၍၎င်း၊

ဘုရား သခင်သည် ပေါက်ဘော် မရှိသောသူတို့ အား အိမ်ထောင် ချခြင်းအခွင့် ကိုပေး တော်မူ၍၊ ချုပ် ထားသောသူတို့ ကိုလည်း ကြွယ်ဝခြင်းထဲ သို့ သွင်း တော်မူ၏။ ငြင်းဆန် သောသူတို့ မူကား ၊ သွေ့ခြောက် သော အရပ်၌ နေ ရကြ၏။

ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသား တို့နှင့်တကွယုဒ အမျိုးသား တို့သည် ညှဉ်းဆဲ ခြင်းကိုခံရကြပြီ။ သူ တို့ကိုသိမ်းသွား သောသူ ရှိသမျှ တို့သည် ချုပ်ထား ပြီးလျှင် ၊ ငါတို့သည် မလွှတ် ဟု ငြင်းပယ် လျက်နေကြပြီ။

သို့ဖြစ်၍ ၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် ၏အမှု ကို ငါ စောင့် မည်။ သင် ခံရသောအပြစ် ကို ပြန်ပေး မည်။ သူ ၏ပင်လယ် ကို၎င်း၊ သူ ၏စမ်းရေ တွင်းတို့ကို၎င်းငါခန်းခြောက် စေမည်။