¶ သူ တို့သည် ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက် မည်အကြောင်း ၊ အဘယ်သို့သန့်ရှင်း စေရမည် နည်းဟူမူကား၊ အပြစ်မပါသော နွား သငယ် အထီးနှင့် သိုး နှစ် ကောင်တို့ကို၎င်း၊
TSK
TSK · ရာဇဝင်ချုပ်ဒုတိယစောင်။ 13:10
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထိုသို့ အာရုန် အမျိုး မ ဟုတ် အခြား တပါးသော အမျိုးသား သည်၊ ထာဝရဘုရား ရှေ့ တော်၌ နံ့သာပေါင်း ကို မီးရှို့ ၍ ပူဇော်သောအားဖြင့်၊ ကောရ နှင့် သူ ၏ အပေါင်းအသင်း ကဲ့သို့ မ ဖြစ် စေမည်အကြောင်း၊ ထာဝရဘုရား သည် မောရှေ အားဖြင့် မှာထား တော်မူသည် အတိုင်း ၊ ထိုလင်ပန်းတို့သည် ဣသရေလ အမျိုးသား တို့ အား သတိပေး ရာနိမိတ်ဖြစ်ရကြ၏။
ငါ တို့ဘုရား သခင်ထာဝရဘုရား သည်၊ ကျွန် ခံနေရာ အဲဂုတ္တု ပြည် မှ အဘ တို့နှင့် ငါ တို့ကို နှုတ် ဆောင်၍ ၊ ကြီးစွာ သော နိမိတ် လက္ခဏာတို့ကို ငါ တို့မျက်မှောက် ၌ ပြ တော်မူပြီ။ ငါတို့သွား လေရာရာအရပ် ၊ ရှောက် လေရာရာလူမျိုး တို့တွင် စောင့် တော်မူပြီ။
ထိုသို့ ယုဒအမျိုးသားတို့ကို တပါး အမျိုးသားအပေါင်း တို့နှင့် ကင်းစင် စေပြီးမှ ၊ ယဇ်ပုရောဟိတ် နှင့် လေဝိ သားတို့ကို အသီး အသီးမိမိ တို့ အမှု စောင့် ရသည် အတိုင်း ငါခန့် ထား၍၊