TSK

TSK · ရာဇဝင်ချုပ်ဒုတိယစောင်။ 21:20

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ရန်သူ ထွက် သွားသောအခါ ၊ ယောရှသည် ကြီးစွာ သော ဒုက္ခ ကို ခံရလျက်နေရစ် သည်ဖြစ်၍ ၊ ယဇ်ပုရောဟိတ် ယောယဒ သား တို့ကိုသတ် သောအပြစ် ကြောင့် ၊ မိမိ ကျွန် တို့သည် သင်းဖွဲ့ ၍၊ သာလွန် ပေါ် မှာ သေ အောင် လုပ်ကြံ ကြ၏။ ထိုမင်း ကို ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် သော်လည်း ၊ ရှင် ဘုရင်တို့တွင် မ သင်္ဂြိုဟ်။

အာခတ် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ယေရုရှလင် မြို့ ၌ သင်္ဂြိုဟ် ခြင်းကို ခံရသော်လည်း ၊ ဣသရေလ ရှင် ဘုရင်တို့ သင်္ချိုင်း ၌ မ သင်္ဂြိုဟ် ကြ။ သားတော် ဟေဇကိ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။

တရား သောသူကို အောက်မေ့ သောအခါ ကောင်းကြီး ပေးတတ်၏။ မ တရားသောသူ၏နာမ မူကား ပုပ်ပျက် တတ်၏။

ဤ မင်းသား ခေါနိ သည် ရိုသေ ဘွယ်မဟုတ်၊ ကျိုးပဲ့ သောရုပ်တု ဖြစ်သလော။ အဘယ်သူမျှမ နှစ်သက် သောတန်ဆာ ဖြစ်သလော။ သူ နှင့် တကွ သူ ၏သား မြေး တို့ကို နှင်ထုတ် ၍ ၊ သူတို့မ သိ ဘူးသောပြည် ၌ အဘယ်ကြောင့် ချ ပစ်ရသနည်း။