TSK

TSK · ရာဇဝင်ချုပ်ဒုတိယစောင်။ 34:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

မောရှေ ကလည်း ၊ ဤသူတို့သည် ဘုရား သခင်၏ အယူ တော်ကိုခံ လို၍ ကျွန်ုပ် ထံ သို့လာ သောကြောင့် ဤသို့ဖြစ်၏။

ယနေ့ ငါ ဆင့်ဆို သော သင် ၏ဘုရားသခင် ထာဝရဘုရား စီရင် ထုံးဖွဲ့တော်မူချက် အလုံးစုံ တို့ ကို ကျင့် စောင့် ခြင်းငှာ စကား တော်ကို နား မ ထောင်လျှင် ၊ သင့် အပေါ် မှာ သက်ရောက် လတံ့သော ကျိန်ခြင်းအမင်္ဂလာ များ ဟူမူကား၊

သို့မဟုတ်သင့် နှလုံး လွဲ သွားသဖြင့် ၊ သင်သည် နား မ ထောင်ဘဲ သူတပါး သွေးဆောင် ရာသို့ လိုက်၍ ၊ အခြား တပါးသောဘုရား တို့ကို ဝတ်ပြု ကိုးကွယ်လျှင်၊

သို့ရာတွင် ၊ ယေရှုရုန် သည် ဆူဝ ၍ ခြေ နှင့်ကန် လေ၏။ ဆူဝ လျက်၊ တုတ် လျက်၊ ဆီဥ နှင့်ပြည့်စုံလျက် နေသဖြင့် ၊ ဖန်ဆင်း တော်မူသောဘုရားသခင် ကို စွန့် ၍ ၊ ကယ်တင် ရာကျောက် ကို မထီမဲ့မြင် ပြုလေ၏။

¶ တဖန် ယောရှဖတ် က၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ယနေ့ မေးမြန်း ပါလော့ဟု ဣသရေလ ရှင်ဘုရင် အား ဆို သော်၊

ယခု တွေ့ သော ကျမ်း စကား ကြောင့် ငါ့ အတွက် ၊ လူ များအတွက် ၊ ယုဒ အမျိုးသားအပေါင်း တို့အတွက် ထာဝရဘုရား ၌ မေးလျှောက် ကြပါ။ ငါ တို့အဘို့ ဤ ကျမ်းစာ ၌ ရေးထား သမျှ သောစကား တို့ကို ဘိုးဘေး တို့သည် နား မ ထောင်မကျင့် ဘဲနေသောကြောင့် ၊ ထာဝရဘုရား သည် ငါ တို့၌ ပြင်း စွာအမျက် ထွက်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏

ထိုကြောင့် ထာဝရဘုရား သည် ယုဒ ပြည် ယေရုရှလင် မြို့ကို အမျက် တော်ထွက် ၍ ၊ သင် တို့မြင် သည် အတိုင်း ဆင်းရဲ ခံခြင်း၊ မိန်းမော တွေဝေခြင်း၊ ကဲရဲ့ သံကို ကြားခြင်း အမှု၌ အပ် တော်မူပြီ။

လျှော်တေ အဝတ်ကို ဝတ် လျက်ရှိသောနန်းတော် အုပ် ဧလျာကိမ် ၊ စာရေး တော်ကြီးရှေဗန ၊ အသက်ကြီး သော ယဇ် ပုရောဟိတ်တို့ကို၊ အာမုတ် သား ပရောဖက် ဟေရှာယ ထံ သို့ စေလွှတ် လေ၏။

ငါ တို့၌တဖန်ပြု တော်မူမည်အကြောင်း၊ ငါ တို့အတွက် ထာဝရဘုရား ကိုတောင်းပန် ပါလော့ဟုမိန့် တော်မူသောအခါ၊ ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက်လာ ၍၊

သမ္မာတရား ကိုအဓမ္မ ဖြင့် ဆီးတား နှိပ်စက်သော သူ တို့ ပြုတတ်သော ဘုရားမဲ့ နေခြင်းအမှု၊ တရားကို လွန်ကျူးခြင်း အမှုအမျိုးမျိုး တို့ တစ်ဘက် ၌ဘုရားသခင် ၏ အမျက် တော်သည်ကောင်းကင် မှ ထင်ရှား လျက်ရှိ၏။

ပညတ် တရားသည်ကား အမျက် ဒေါသနှင့် စပ်ဆိုင် ၏။ ပညတ် တရားမ ရှိ လျှင် ၊ လွန်ကျူး ခြင်းအပြစ်မ ရှိ။