TSK

TSK · ရာဇဝင်ချုပ်ဒုတိယစောင်။ 7:13

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

သူ တို့ကိုကာလနာ ဘေးဖြင့် ငါသည် ဒဏ်ခတ် ၍ သား၏ အရာကိုနှုတ် မည်။ သူ တို့ထက် သင့် ကိုသာ၍စည်ပင် သောအမျိုး ၊ သာ၍တန်ခိုးကြီး သောအမျိုး ဖြစ် စေမည်ဟု မောရှေ အား မိန့် တော်မူ၏။

သို့မဟုတ်ထာဝရဘုရား သည် အမျက် တော် ထွက် ၍ မိုဃ်း မ ရွာ ၊ မြေ ၏အသီးအနှံ ကို မ ဖြစ် စေခြင်းငှာ။ မိုဃ်းကောင်းကင် ကို ပိတ် တော်မူမည်။ ထာဝရဘုရား ပေး တော်မူသော ကောင်းမွန် သောပြည် ၌ သင်တို့သည် အလျှင် အမြန် ပျောက် ပျက်ကြလိမ့်မည်။

ကိုယ်တော် ကို ပြစ်မှား သောအပြစ်ကြောင့် မိုဃ်း မ ရွာ၊ မိုဃ်းခေါင် သဖြင့် ၊ ကိုယ်တော်သည် ဆုံးမ တော်မူသောအခါ၊ သူတို့သည် ဤ အရပ် ဌာနတော်ကို မှီခိုလျက် ဆုတောင်း ၍ ၊ နာမ တော်ကို ဝန်ခံ လျက် မိမိ ဒုစရိုက် ကို စွန့်ပယ်လျှင်၊

ဘုရားသခင်သည် ဘမ်းဆီးချုပ်ထား ၍ စစ်ကြောတော်မူလျှင် အဘယ် သူဆီးတား နိုင်သနည်း။

အမိန့် တော်ရှိ၍ မ ရေတွက်နိုင်အောင်၊ အရာဘကျိုင်း နှင့် ယာလက်ကျိုင်း တို့သည် လာ ၍၊

သို့မဟုတ် ၊ ထို ပြည် ၌ ကာလနာ ကို ငါစေလွှတ် သောကြောင့် ၊ လူ နှင့် တိရစ္ဆာန် ၏ အသက် ကို သတ်ဖြတ်ပယ်ရှင်းခြင်းငှါ ငါ ၏ ဒေါသအရှိန်ကို သွန်းလောင်း လျှင်၊

အရာဘကျိုင်း ၊ ယာလက်ကျိုင်း ၊ ခါသိလကျိုင်း ၊ ဂါဇံ ကျိုင်းတည်းဟူသောငါစေလွှတ် သော ငါ ၏ မဟာ ဗိုလ်ခြေတို့ ကိုက်စား သော နှစ် ပေါင်းကာလကို ငါပြန် ပေး မည်။

ဖိလဒေလဖိ မြို့၌ ရှိသော အသင်းတော် ၏ တမန် ကိုဤသို့ ရေး ၍ မှာလိုက်လော့။ သန့်ရှင်း သောသူ ၊ ဟုတ်မှန် သောသူ ၊ ဒါဝိဒ် မင်း၏ တံခါးသော့ ကို ကိုင် သော သူ ၊ အဘယ်သူ မျှ မပိတ် နိုင်အောင် ဖွင့် ၍၊ အဘယ်သူ မျှ မဖွင့် နိုင်အောင် ပိတ် သောသူ ၏ အမိန့် တော်ကား။