TSK

TSK · ရာဇဝင်ချုပ်ဒုတိယစောင်။ 9:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

¶ ရှင် ဘုရင်သည် တာရှု သင်္ဘော ကို ဟိရံ မင်း သင်္ဘော နှင့်အတူ စေလွှတ်သဖြင့်၊ သုံး နှစ် တခါ တာရှု သင်္ဘော သည် ပြန်လာ ၍ ရွှေ ၊ ငွေ ၊ ဆင်စွယ် ၊ မျောက် များ၊ ဒေါင်း များကို ဆောင် ခဲ့တတ်၏။

ဟိရံ သည်လည်း ပင်လယ် ကူး သော အမှုကို နားလည် သော မိမိလူများ၊ သင်္ဘော များကို မိမိ ကျွန် တို့ နှင့်အတူရှောလမုန် ထံသို့ စေလွှတ် သဖြင့် ၊ သူတို့သည် ရှောလမုန် မင်း၏ ကျွန် တို့နှင့်အတူ ဩဖိရ မြို့သို့ သွား၍ ရွှေ အခွက် လေး ရာ ငါးဆယ် ကို ရှောလမုန် မင်းကြီး ထံသို့ ဆောင် ခဲ့ကြ၏။

ကုလားအုပ် ငှက်သည် အတောင် ခတ်လျက် နေတတ်၏။ တောငန်း သည် အမွေး အတောင် နှင့် ပြည့်စုံ၏။

သင် ၌ကုန်သွယ် ရန် ဥစ္စာ များ သောကြောင့် ၊ တာရှု မြို့သည်ငွေ ၊ သံ ၊ သံဖြူ ၊ ခဲ တို့ကို သင့်ဝိုင်းသို့ယူခဲ့၍ သင် နှင့်ကုန်သွယ် ခြင်းကို ပြုလေ၏။

သို့သော်လည်း ၊ ယောန သည် ထာဝရဘုရား ထံ တော်မှ တာရှု မြို့သို့ ပြေး မည့် အကြံရှိသည်နှင့် ထ လျက် ယုပ္ပေ မြို့သို့သွား ၍ ရောက်သဖြင့် ၊ တာရှု မြို့သို့သွား သော သင်္ဘော ကို တွေ့ကြုံ ၍ သင်္ဘော ခ ကို ပေး ပြီးလျှင် ၊ ထာဝရဘုရား ထံ တော်မှ သင်္ဘောသား တို့နှင့်အတူ တာရှု မြို့သို့ လိုက် ခြင်းငှါ သင်္ဘော ကို စီး လေ၏။