TSK

TSK · ဓမ္မရာဇဝင်ဒုတိယစောင်။ 15:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ဒါဝိဒ် ကလည်း၊ ကျွန်ုပ်သည် သင်၏ မိတ်ဆွေဖြစ်ကြောင်းကို သင် ၏ အဘ သည် အမှန်သိ သဖြင့်၊ ယောနသန် စိတ် မသာ ရှိမည်စိုးရိမ်၍ သူသည် ဤ အမှုကို မ သိ စေနှင့်ဟု ပြောဆို ပါပြီ။ အကယ်စင်စစ် ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ သင့် အသက် လည်း ရှင်သည်အတိုင်း၊ ကျွန်ုပ် နှင့် သေ ဘေးစပ်ကြား မှာ အသွား တလှမ်းသာ ရှိပါသည်ဟု အကျိန် နှင့် ဆို၏။

ဧလိယ ကလည်း ၊ ဤ အရပ်၌ နေရစ် ပါလော့။ ထာဝရဘုရား သည် ငါ့ ကို ဗေသလ မြို့သို့ စေလွှတ် တော်မူသည် ဟု ဧလိရှဲ အား ဆို လျှင်၊ ဧလိရှဲ က ထာဝရဘုရား အသက် ၊ ကိုယ်တော် အသက်ရှင် တော်မူသည်အတိုင်း ၊ ကိုယ်တော် နှင့် အကျွန်ုပ်မ ကွာ ရပါဟု ပြန်ပြော လျက် ၊ ထိုသူနှစ်ယောက်တို့ သည် ဗေသလ မြို့သို့သွား ကြ၏

ဧလိယ ကလည်း ဤ အရပ်၌ နေရစ် ပါလော့။ ထာဝရဘုရား သည် ငါ့ ကိုယော်ဒန် မြစ်သို့ စေလွှတ် တော်မူ သည်ဟုဆို လျှင် ၊ ဧလိရှဲက၊ ထာဝရဘုရား အသက် ၊ ကိုယ်တော် အသက်ရှင် တော်မူသည်အတိုင်း ၊ ကိုယ်တော် နှင့်အကျွန်ုပ်မ ကွာ ရပါဟု ပြန် ပြောလျက်၊ ထိုသူ နှစ် ယောက်တို့သည် အတူသွား ကြ၏

အဆွေ ခင်ပွန်းသည် အခါ ခပ်သိမ်းချစ် တတ်၏။ ညီအစ်ကို သည် ဒုက္ခ ကာလအဘို့ မွေးဘွား လျက်ရှိ၏။

ထိုအခါ ကျမ်းပြု ဆရာတစ် ယောက်သည်လာ ၍ အရှင် ဘုရား၊ ကိုယ်တော် ကြွ တော်မူရာအရပ်ရပ် သို့ အကျွန်ုပ်လိုက် ပါမည်ဟု လျှောက် လေ၏။

ထိုသူ သည် ရောက် ၍ ဘုရားသခင် ၏ ကျေးဇူး တော်ကို မြင် လျှင် ဝမ်းမြောက် ဝမ်းသာခြင်းရှိ၍ ထိုသူအပေါင်းတို့သည် ယုံကြည် သောစိတ် နှင့် သခင် ဘုရားကို မှီဝဲ ဆည်းကပ်မည်အကြောင်း တိုက်တွန်းနှိုးဆော် လေ၏။

သင်တို့ကိုအပြစ်တင် ၍ ဤသို့ငါ ဆိုသည်မ ဟုတ်။ သင်တို့နှင့်အတူအသက် ရှင်ခြင်းငှာ၎င်း ၊ သေ ခြင်းငှာ၎င်း၊ အလိုရှိသည်တိုင်အောင် ၊ ငါ တို့သည် သင်တို့ကိုချစ်ကြ၏ဟု အထက်ကငါပြော ခဲ့ပြီ။