TSK

TSK · ဓမ္မရာဇဝင်ဒုတိယစောင်။ 21:1

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

¶ အာဗြဟံ လက်ထက် ထိုပြည် ၌ ဖြစ် ဘူးသော အစာခေါင်းပါး ခြင်းမှတပါး ၊ နောက်တဖန်အစာခေါင်းပါး ခြင်း ရှိပြန်သည်ဖြစ်၍ ၊ ဣဇာက် သည် ဖိလိတ္တိ မင်းကြီးအဘိမလက် နေရာဂေရာ မြို့သို့ သွား လေ၏။

သင် တို့၏ အစာ အာဟာရ အထောက် အပင့်ကို ငါ ပယ်ရှား သောအခါ ၊ မိန်းမ တကျိပ် တို့သည် သင် တို့၏ မုန့် ကို မီးဖို တဖို၌ ဖုတ် ပြီးမှ ၊ ထိုမုန့် ကို ချိန် ပေးသဖြင့် သင်တို့သည် ဝ စွာမ စား ရကြ။

¶ သို့ရာတွင် ယုဒ အမျိုး ၊ ဇေရ ၊ ဇာဗဒိ ၊ ကာမိ တို့မှ ဆင်းသက်သော အာခန် သည်၊ ကျိန် အပ်သောအရာကို သိမ်းယူ ၍ ထိုအရာအားဖြင့်ဣသရေလ အမျိုးသားတို့ သည် ပြစ်မှား သောအပြစ် ရှိသောကြောင့်၊ ထာဝရဘုရား သည် သူ တို့၌ အမျက်ထွက် တော်မူ၏။

သူ တို့အား ကျိန်ဆို မိသောကြောင့်အပြစ် ဒဏ်ရောက် မည်ကို စိုးရိမ်၍၊ အသက် ချမ်းသာပေးသဖြင့် အဘယ်သို့ပြု ရမည်နည်းဟူမူကား၊

ထိုသူသည် လာ ရပါမည်လောဟု ထာဝရဘုရား အား မေး လျှောက်လျှင် ၊ ထာဝရဘုရား က၊ လှည်း များ အစရှိသည်တို့၌ ပုန်း ၍နေသည်ဟု မိန့် တော်မူ၏။

အကျွန်ုပ်သည် ထို ဖိလိတ္တိ လူတို့ကို သွား ၍ လုပ်ကြံ ရပါမည်လော ဟု ထာဝရဘုရား အား မေးလျှောက် လျှင် ၊ ထာဝရဘုရား က သွား လော့။ ဖိလိတ္တိ လူတို့ကို လုပ်ကြံ ၍ ကိလ မြို့ကို ကယ်တင် လော့ဟု ဒါဝိဒ် အား မိန့် တော်မူ၏။

ကိလ မြို့သား တို့သည် အကျွန်ုပ် ကို သူ ၏လက် ၌ အပ် ကြပါလိမ့်မည်လော။ ကိုယ်တော် ၏ ကျွန် ကြား သည်အတိုင်း ရှောလု သည် လာ ပါလိမ့်မည်လော။ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် ၏ကျွန် အား အမိန့် ရှိတော်မူမည်အကြောင်းတောင်းပန်ပါ၏ဟု မေးလျှောက် သော်၊ ထာဝရဘုရား က၊ ရှောလုသည် လာ လိမ့်မည်ဟု မိန့် တော်မူ၏။

ဒါဝိဒ် သည်လည်း မေးလျှောက် သော်၊ ထာဝရဘုရား က၊ တည့်တည့်မ တက် ရ။ သူ တို့နောက် သို့ ဝိုင်း ၍ ပိုးစာ တောတဘက် ၌ ချီ ရမည်။

¶ နောက် တဖန်ထာဝရဘုရား သည် ဣသရေလ အမျိုးကို အမျက် ထွက် တော်မူလျှင် ၊ စာတန်သည် ရန်ဘက်ပြု၍ ဣသရေလ လူနှင့် ယုဒ လူတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ် ကိုတိုက်တွန်း လေ၏။

¶ ဧလိယ သည် အာဟပ် မင်းအား ကိုယ် ကိုပြအံ့သောငှါ သွား ၏။ ထိုအခါ ရှမာရိ မြို့၌ ပြင်းစွာ သော အစာ အာဟာရခေါင်းပါးခြင်းဘေးရှိ၍၊

¶ တဖန် ဧလိရှဲ သည် အထက်က အသက်ရှင် စေ သော သူငယ် ၏အမိ ကို ခေါ် ၍၊ သင် သည် အိမ်သူ အိမ်သားနှင့်တကွ ထ သွား လော့။ တည်းခို ၍ နေနိုင်သော အရပ် တစုံတရပ်၌ တည်းခို ၍နေလော့။ ထာဝရဘုရား သည် အစာ ခေါင်းပါးရာကာလကို မှာ လိုက်တော်မူပြီ။ တပြည်လုံး ၌ ခုနစ် နှစ် ခေါင်းပါး လိမ့်မည်ဟု သတိ ပေး၏

ဘုရား သခင်ကို လျှောက် ရသောစကားဟူမူကား၊ အကျွန်ုပ် ကို အပြစ် စီရင်တော် မ မူပါနှင့်။ အကျွန်ုပ် နှင့် ဆန့်ကျင် ဘက်ပြုတော်မူမည်အကြောင်း ကို ပြ တော်မူပါ။

အမှု ရောက်သည်ကာလ ၌ ငါ့ ကိုပဌနာ ပြုလော့။ ငါသည် ကယ်လွှတ် မည်။ သင် သည်လည်း ငါ့ ကိုချီးမွမ်း လိမ့်မည်ဟု မိန့်တော်မူ၏။

¶ မိုဃ်း ပြတ်သောအမှု ကို ရည်မှတ် ၍၊ ယေရမိ သို့ ရောက်သော ထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား ၊