TSK

TSK · ဓမ္မရာဇဝင်ဒုတိယစောင်။ 21:14

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ထိုဣသရေလ လူ ကို တဲ အတွင်း သို့ လိုက် ပြီးမှ ၊ ယောက်ျား ကို ထုတ်ချင်းခပ်အောင်၎င်း၊ မိန်းမ ကို ဝမ်းပေါက်အောင်၎င်း ထိုး လေ၏။ ထိုသို့ပြုသောအားဖြင့် ဣသရေလ အမျိုးသား တို့တွင် ဘေး ငြိမ်း လေ၏။

သူ့ အပေါ် ၌ များစွာ သော ကျောက် တို့ကို ပုံ ထား ကြ၍ ယနေ့ တိုင်အောင် ရှိ၏။ ထာဝရဘုရား သည်လည်း အမျက် တော်အရှိန် ကို ငြိမ်း စေတော်မူ၏။ ထို အမှုကို အစွဲပြု ၍ ထို ချိုင့် ကို ယနေ့ တိုင်အောင် အာခေါ် ချိုင့် ဟု ခေါ်ဝေါ် ကြသတည်း။

ယနေ့ ငါ နှင့် ကွာ၍ သွား သောအခါ ၊ ဗင်္ယာမိန် ခရိုင် စွန်း၊ ဇေလဇ ရွာ၊ ရာခေလ သင်္ချိုင်း အနား မှာ လူ နှစ် ယောက်ကို တွေ့ လိမ့်မည်။ သူတို့က၊ သင်သွား ၍ ရှာ သောမြည်း တို့ကို တွေ့ ပြီ။ သင် ၏ အဘ သည် မြည်း တို့ကို အမှုမထား၊ ငါ့ သား အဘို့ အဘယ်သို့ ပြု ရပါမည်နည်းဟု ဆိုလျက် စိုးရိမ် ကြောင်းကို ပြော ကြလိမ့်မည်။

လုလင် တို့ကိုမိန့် တော်မူ၍ ထိုသူနှစ်ယောက် ကိုသတ် ကြ၏။ လက် ခြေ တို့ကိုဖြတ် ၍ ဟေဗြုန် ရေကန် အနား မှာ ဆွဲထား ကြ၏။ ဣရှဗောရှက် ၏ ဦးခေါင်း ကိုကား ယူ ၍ ဟေဗြုန် မြို့တွင် အာဗနာ သင်္ချိုင်း ၌ သင်္ဂြိုဟ် ကြ၏။

¶ ဧလိယ ကလည်း ၊ ဗာလ ၏ပရောဖက် တို့ကို ဘမ်းဆီး ကြလော့။ တယောက် ကိုမျှ မ လွတ် စေနှင့်ဟုစီရင် သည်အတိုင်း၊ သူ တို့ကို ဘမ်းဆီး ၍ ဧလိယ သည် ကိရှုန် ချောင်း သို့ ယူသွား ပြီးလျှင် ကွပ်မျက် လေ၏။

သို့ပြုလျှင်၊ ထာဝရဘုရား သည် ပြည် တော်ကို မစချင်သောစိတ် အားကြီး၍ မိမိ လူ တို့ကို ကယ်မ သနား တော်မူလိမ့်မည်။

ယောန ကိုချီ ၍ ပင်လယ် ထဲ သို့ ချ ပစ်ကြ၏။ ထိုအခါ ပင်လယ် လှိုင်းတံပိုးသည် ငြိမ်း လေ၏။