TSK

TSK · ဓမ္မရာဇဝင်ဒုတိယစောင်။ 21:6

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

သုံး ရက် လွန်မှ ဖါရော မင်းသည် သင် ၏ဦးခေါင်း ကို ကိုယ်နှင့်ခွါ မြှောက်လျှက် သစ်ပင် ၌ ဆွဲ ထားတော်မူ၍၊ ငှက် တို့သည် သင် ၏အသား ကို နှုတ်၍စား ကြလိမ့်မည်ဟု ပြန်ပြော ၏။

ထာဝရဘုရား ကလည်း ၊ ငါသည်ပြင်းစွာ သော အမျက် တော်ကို ဣသရေလ အမျိုးမှ လွဲ စေခြင်းငှာ ၊ ဣသရေလမင်း အပေါင်း တို့ကို ခေါ် ၍ ၊ ပြစ်မှားသောသူတို့ ကို ဘုရား ရှေ့မှာ ထင်ရှား စွာ ဆွဲထား လော့ဟု မောရှေ အား မိန့် တော်မူ၏။

အာဣ မင်းကြီး ကို ညဦး တိုင်အောင် သစ်ပင် တွင် ဆွဲ ထား၍ ၊ မိုဃ်းချုပ် သောအခါ ၊ ယောရှု စီရင် သည် အတိုင်း၊ အသေကောင် ကို သစ်ပင် က ချ ပြီးလျှင် မြို့ တံခါးဝ ၌ ပစ် ထား၍ ၊ အသေကောင် အပေါ် ၌ များစွာ သော ကျောက် တို့ကို စုပုံ ကြ၏။ ထိုကျောက်ပုံသည် ယနေ့ တိုင်အောင် ရှိ၏။

ဤအချိန်၌ ဗင်္ယာမိန် ပြည် မှ လူ တယောက်ကို သင် ရှိရာသို့ ငါစေလွှတ် မည်။ သင်သည် ထိုသူကို ငါ ၏လူ ဣသရေလ အမျိုး၏ မင်း အရာ၌ ခန့်ထား၍ ဆီလောင်းခြင်းဘိသိက် ကိုပေး ရမည်။ သူသည် ငါ ၏ လူ တို့ကို ဖိလိတ္တိ လူတို့လက် မှ ကယ်တင် ရလိမ့်မည်။ ငါသည် သူတို့အော်ဟစ်သံကိုကြား၍၊ သူတို့ကို ကြည့်ရှု သည်ဟု ရှမွေလနားအပါး၌ မိန့်တော်မူနှင့်ပြီ။

ရှမွေလကလည်း၊ ထာဝရဘုရား ရွေးချယ်တော်မူသောသူကို ကြည့်ကြလော့။ လူခပ်သိမ်းတို့တွင် သူနှင့်တူသော သူတစုံတယောက်မျှမရှိဟု လူအပေါင်းတို့အား ပြောဆိုလျှင်၊ လူအပေါင်းတို့က၊ ရှင်ဘုရင်အသက်တော်မြဲပါစေဟု ကြွေးကြော်ကြ၏။

တမန် တို့သည် ရှောလု နေရာ ဂိဗာ မြို့သို့လာ ၍ လူ များတို့အား သိတင်း ကြားပြော သော်၊ လူ အပေါင်း တို့သည် အသံ ကို လွှင့် ၍ ငိုကြွေး ကြ၏။

အဟိသောဖေလ သည် မိမိ ပေးသောအကြံ သို့ မ လိုက် ကြသည်အကြောင်း ကို သိမြင် သောအခါ ၊ မြည်း ကို ကုန်းနှီးတင် စေပြီးလျှင် ထ ၍ မိမိ နေရင်းမြို့ မိမိ အိမ် သို့ သွား သဖြင့် အိမ်မှု အိမ်ရေးများကို စီရင် ပြီးမှ လည် ကြိုး တပ်၍ သေ လေ၏။ ဘိုးဘေး တို့သင်္ချိုင်း ၌ သဂြိုဟ် ကြ၏။

အကြီးအကဲ အဟေဇာ ၊ သူ့နောက်ယောရှ ၊ ဂိဗာ မြို့သားရှေမာ ၊ အာဇမာဝက် သား ယေဇေလ နှင့် ပေလက် ၊ ဗေရာခ ၊ အန္တောသိ အမျိုး ယေဟု ၊

သူသည် ထိုငွေ ကိုဗိမာန် တော်၌ ပစ်ချ ခဲ့၍ အခြားသို့သွား ပြီးလျှင် လည်ကြိုးတပ် ၍ သေလေ၏။