ငါသည်သင်၏ဘုရား၊ သင့် နောက် ၌ သင့် အမျိုးအနွယ် ၏ ဘုရား ဖြစ်မည်ဟု၊ သင် နှင့် သင် ၏ အမျိုးအနွှယ် အစဉ် အဆက်တို့၌ ၊ ငါ့ ပဋိညာဉ် ကို ထာဝရ ပဋိညာဉ် ဖြစ် စေမည်။
TSK
TSK · တမန်တော်ဝတ္ထု။ 13:17
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
¶ ထာဝရဘုရား ကလည်း ၊ ငါသည် ဖါရော မင်း၌ အဘယ်သို့ ပြု မည်ကို သင်သည် ယခု သိ လိမ့်မည်။ သူသည် ကြီးစွာ သောတန်ခိုး ကို တွေ့မြင်၍၊ ငါ၏လူ တို့ကို လွှတ် ရလိမ့်မည်။ ကြီးစွာ သော တန်ခိုး ကို တွေ့မြင်၍ သူ တို့ကို မိမိ ပြည် မှ နှင် ရလိမ့်မည်ဟု မောရှေ အား မိန့် တော်မူ၏။
ဤအရာသည်လည်း၊ သင် ၏လက္ခဏာ သက်သေ၊ သင် ၏မျက်စိ ကြား မှာ သင်းကျပ် ဖြစ် ရမည်။ အကြောင်းမူကား ၊ ထာဝရဘုရား သည် အားကြီး သောလက် တော်ဖြင့် ငါ တို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူပြီဟု လူ များတို့အား ပြောဆို လေ၏။
ထာဝရဘုရားသည် အခြားသောဘုရား ရှိသမျှ တို့ထက် သာ၍ကြီးမြတ် တော်မူကြောင်းကို ယခု ငါသိ ၏။ အကြောင်း မူကား၊ လူတို့သည် မာန ထောင်လွှားသော အမှု အရာတွင်၊ ထာဝရဘုရားနိုင်တော်မူ၏ဟု ဆိုပြီးမှ ၊
သင် တို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ အဲဂုတ္တု ပြည်မှာ သင် တို့မျက်မှောက် ၌ ပြု တော်မူသကဲ့သို့ ၊ စုံစမ်း ခြင်းနိမိတ် လက္ခဏာနှင့် အံ့ဘွယ် သောအမှုတို့ကို ပြခြင်း၊ စစ်မှု ကိုရောက်စေခြင်း၊ အားကြီး သော လက်ရုံး တော်ကို ဆန့် ခြင်း၊ ကြောက်မက် ဘွယ်သော ရူပါရုံတို့ကို ပြခြင်းအားဖြင့်၊ အခြား တပါးသော ဘုရား သည် သွား ၍ လူ တမျိုးထဲက တမျိုးကို မိမိ အဘို့ နှုတ်ယူ ဘူးသလော။
အကြောင်း မူကား၊ သင် သည် သင် ၏ ဘုရားသခင် ထာဝရဘုရား အဘို့ သန့်ရှင်း သောအမျိုး ဖြစ်၏။ မြေကြီး ပေါ် မှာ ရှိသမျှ သော လူမျိုး ထက် သင် ၏ဘုရားသခင် ထာဝရဘုရား ပိုင် ထိုက်သော အမျိုး ဖြစ် စေခြင်းငှာ သင့် ကို ရွေးချယ် တော်မူပြီ။
သင် ပြုသောကုသိုလ် ကြောင့် ၎င်း၊ ဖြောင့်မတ် သော သဘော ကြောင့် ၎င်း၊ ထို ပြည် ကို သွား ၍ ဝင်စား ရမည် မ ဟုတ်။ ထို လူမျိုး တို့၏ မကောင်းမှု ကြောင့် ၎င်း၊ ထာဝရဘုရား သည် သင် ၏အဘ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ကျိန်ဆို တော်မူသော စကား တော်ကို တည် စေလိုသောငှာ ၎င်း ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သူ တို့ကို သင့် ရှေ့ မှ နှင်ထုတ် တော်မူ၏။
သင် တို့သည် သင် တို့၏ ဘုရားသခင် ထာဝရဘုရား အဘို့ ၊ သန့်ရှင်း သောလူမျိုး ဖြစ်ကြ၏။ ထာဝရဘုရား သည် မြေကြီး ပေါ် မှာရှိသမျှ သော လူမျိုး ထက်၊ ကိုယ်တော် ပိုင် ထိုက်သော အမျိုး ဖြစ် စေခြင်းငှာ သင် တို့ကို ရွေးချယ် တော်မူပြီ။
အိုထာဝရ အရှင်ဘုရား သခင်၊ ကိုယ်တော် သည် အာဗြံ ကို ရွေးချယ် ၍ ခါလဒဲ ပြည်၊ ဥရ မြို့မှ ခေါ် ခဲ့ပြီးလျှင် အာဗြဟံ ဟူသောအမည် ကိုပေး တော်မူ ၏။
အဲဂုတ္တု ပြည် ၊ ဇောန အရပ် တွင် သူ တို့အဘ များ မျက်မှောက် ၌ အံ့ဘွယ် သော အမှုတို့ကို ပြု တော်မူ၏။
ထာဝရ ဘုရား၏ကျွန် အာဗြဟံ အမျိုး ၊ ရွေးကောက် တော်မူသောယာကုပ် အနွှယ် တို့၊
တဖန်မိမိ ကျွန် မောရှေ နှင့် ရွေးကောက် တော်မူသော အာရုန် ကို စေလွှတ် တော်မူ၏။
အဲဂုတ္တု ပြည်၌ ပြု တော်မူသောအံ့ဩဘွယ်တို့ကို ဘိုးဘေး တို့သည် နား မ လည်ကြ။ များစွာ သော ကရုဏာ တော်ကို မ အောက်မေ့ ကြ။ ပင်လယ် နား ၊ ဧဒုံ ပင်လယ် နား မှာ ပုန်ကန် ကြပါ၏။
အကြောင်း မူကား၊ ထာဝရ ဘုရားသည် ယာကုပ် အမျိုးကို ကိုယ်တော် အဘို့ ၎င်း၊ ဣသရေလ အမျိုးကို ဘဏ္ဍာ တော်ဖြစ် စေခြင်းငှါ၎င်း ရွေးကောက် တော်မူပြီ။
ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ အဲဂုတ္တု ပြည်မှာ သားဦး များကို ဒဏ်ခတ် တော်မူထသော၊
¶ ယခု မူကား ၊ ငါ့ ကျွန် ယာကုပ် ၊ ငါရွေးကောက် သောသူ ဣသရေလ ၊ နားထောင် လော့။
အဲဂုတ္တု ပြည် ၊ ဣသရေလ ပြည်အစရှိသော လူ အမျိုးမျိုးတို့၌ နိမိတ် လက္ခဏာအံ့ဘွယ် သော အမှုတို့ကို ယနေ့ တိုင်အောင် ပြ တော်မူသဖြင့် ၊ ယခု ကဲ့သို့ အစဉ် ကျော်စောသော သိတင်းရှိ တော်မူ၏။
သင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ယူ ၍ အာမောရိ ပြည် ကို ဝင်စား စေခြင်းငှါ ၊ အနှစ် လေးဆယ် ပတ်လုံးတော ၌ ပို့ဆောင် ပြီ။
သင် သည် အဲဂုတ္တု ပြည် မှ ထွက် သောနေ့ ၌ မြင် သည်အတိုင်း ၊ တဖန်အံ့ဩ ဘွယ်သော အမှုတို့ကို ငါပြ မည်။
သင် တို့မူကား ၊ မှောင်မိုက် ထဲမှ အံ့ဘွယ် သော အလင်း တော်သို့ ခေါ်သွင်း တော်မူသော သူ ၏ဂုဏ် ကျေးဇူးများကို ဖေါ်ပြ စေခြင်းငှာ ၊ ရွေးချယ် တော်မူသော အမျိုး ဖြစ်ကြ၏။ မင်း စည်းစိမ်ရှိသော ယဇ် ပုရောဟိတ်မျိုး၊ သန့်ရှင်း သောလူမျိုး ၊ ပိုင်ထိုက် တော်မူသော အပေါင်း အသင်းဖြစ်ကြ၏။