TSK

TSK · တမန်တော်ဝတ္ထု။ 13:23

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ငါသည် ဒါဝိဒ် ကို မ လှည့်စား ဟု ငါ ၏သန့်ရှင်း ခြင်း ပါရမီကို တိုင်တည်၍ တခါ ကျိန်ဆို ပြီ။

¶ ထိုအခါ ဟေရှာယက၊ အိုဒါဝိဒ် အမျိုးသား တို့၊ နားထောင် ကြလော့။ သင် တို့သည် လူ ကိုငြီးငွေ့ စေသည် သာမက ၊ ငါ ကိုးကွယ်သော ဘုရား သခင်ကို ငြီးငွေ့ စေကြ မည်လော။

ထို ကာလ ၌ ယေရှဲ ၏အမြစ် သည် ပေါက်၍၊ လူ များ အဘို့ထူ သော အလံ ဖြစ်လိမ့်မည်။ ထိုအလံ ၌ တပါးအမျိုးသား တို့သည် ဆည်းကပ် ကြလိမ့်မည်။ ကျိန်းဝပ် တော်မူရာအရပ်သည်လည်း ဘုန်းကြီး လိမ့်မည်။

သိတင်းကြား ပြောကြလော့။ လူများကို အနီး သို့ ခေါ်ခဲ့၍ တိုင်ပင် ကြစေ။ ဤ အမှုကို ရှေး ကာလမှစ၍ အဘယ်သူ ဘော်ပြ သနည်း။ အထက် က အဘယ်သူဟော ပြောသနည်း။ ငါ ထာဝရဘုရား ဟောပြောသည် မ ဟုတ်လော။ ငါ မှတပါး အခြား သော ဘုရား သခင်မ ရှိ။ ငါသည် ဖြောင့်မတ် သော ဘုရား ၊ ကယ်တင် သောဘုရား ဖြစ်၏။ ငါ မှတပါး အခြားသော ဘုရားမ ရှိ။

ထို ကာလ အခါ သန့်ရှင်း သော အညွန့် ကို ဒါဝိဒ် အဘို့ ငါ ပေါက် စေ၍ ၊ သူသည် မြေကြီး ပေါ် မှာ တရား သဖြင့် ဖြောင့်မတ် စွာ စီရင် လိမ့်မည်။

အိုဇိအုန် သတို့သမီး ၊ အလွန် ဝမ်းမြောက် လော့။ အိုယေရုရှလင် မြို့သတို့သမီး ၊ ကြွေးကြော် ကြလော့။ တရား သဖြင့် စီရင်၍ ကယ်တင် ခြင်းသို့ ရောက်သော သခင် ၊ သင် ၏အရှင် မင်းကြီးသည် မြည်းမ နှင့် မြည်း ကလေး ကို စီး ၍ နူးညံ့ သိမ်မွေ့သောစိတ် နှင့် သင် ရှိရာသို့ ကြွ လာတော်မူသည်ကို ကြည့်ရှု လော့။

သား ယောက်ျားကို ဘွားမြင် လိမ့်မည်။ ထိုသား သည် မိမိ လူ တို့ကိုအပြစ် မှ ကယ်ချွတ် မည်သူ ဖြစ်သောကြောင့် ၊ ယေရှု ဟူသောအမည် ဖြင့် မှည့် ရမည်ဟု ကောင်းကင်တမန်ဆို ၏။

အဘယ်သူ ၏ သား ဖြစ် သနည်း ဟု မေး တော်မူလျှင်၊ ဒါဝိဒ် ၏သား ဖြစ်သည်ဟု လျှောက် ကြသော်၊

အကြောင်းမူကား ၊ ကမ္ဘာ ဦးမှစ၍ ပေါ်ထွန်းသောမိမိ သန့်ရှင်း သောပရောဖက် တို့နှုတ် ဖြင့် ဗျာဒိတ် ထားတော်မူသည်နှင့်အညီ ၊

ထို မိန်းမ အား၊ ယခုဖြစ်လျှင် ငါတို့သည် သင် ၏စကား ကြောင့် သာ ယုံကြည် သည်မ ဟုတ်။ စကားတော် ကို ကိုယ်တိုင် ကြားနာ ရ၍၊ ဤသူ သည်လောကီသား တို့ကို ကယ်တင် တော်မူသောသခင်တည်းဟူသောခရစ်တော်အမှန်စင်စစ် ဖြစ် တော်မူကြောင်း ကို သိ သည်ဟု ဆို ကြ၏။

ထို သူသည် မိမိ အမျိုးအနွယ်ထဲက လူဇာတိ အားဖြင့် ခရစ်တော် ကို ဘုရားသခင် ထမြောက်စေ၍ မိမိ ပလ္လင် ပေါ်မှာ တင် တော်မူမည်အကြောင်း ဓိဋ္ဌာန် ကျိန်ဆို တော်မူသည်ကို ပရောဖက် ဥာဏ်အားဖြင့်သိ ၍၊

သင် တို့တွင် မိမိဒုစရိုက် တို့ကို ကြဉ်ရှောင် ပယ်ရှားသောသူ ရှိသမျှ တို့အား ကောင်းကြီး မင်္ဂလာကိုပေးစေခြင်းငှာဘုရားသခင် သည်မိမိ သားတော် ယေရှုကို ထမြောက် စေတော်မူပြီးလျှင်၊ သင် တို့ရှိရာသို့ ရှေးဦးစွာ စေလွှတ် တော်မူသည်ဟု လူများတို့အား ပေတရုဟောပြော ၏။

သင် တို့သည် သစ် တိုင်၌ ဆွဲ ၍ ကွပ်မျက် သော ယေရှု ကို ငါ တို့ ဘိုးဘေး များ၏ ဘုရားသခင် သည် ထမြောက် စေတော်မူပြီ။

ဆက်ဆံ သောယုံကြည် ခြင်းအားဖြင့် ငါ့သား စစ် ဖြစ်သော တိတု ကိုကြားလိုက်ပါ၏။ ငါ တို့ကိုကယ်တင် တော်မူသော အရှင်သခင်ယေရှု ခရစ် နှင့် ခမည်းတော် ဘုရားသခင့် အထံ တော်က ကျေးဇူး ၊ ကရုဏာ၊ ငြိမ်သက် ခြင်းရှိပါစေသော။

အကြောင်းမူကား ၊ အထက် က ငါ တို့သည် ပညာ မဲ့သောသူ၊ နားမထောင် သောသူ၊ မှားယွင်း သောသူ၊ အထူးထူး အပြားပြားသော တပ်မက် ခြင်း၊ ကာမဂုဏ် ခံစားခြင်း အမှု တို့ကို ဆောင်ရွက်သောသူ၊ မနာလို ခြင်း၊ ငြူစူ ခြင်း၌ ကျင်လည် သောသူ၊ စက်ဆုပ် ရွံရှာဘွယ်သောသူ၊ အချင်းချင်း မုန်း သောသူဖြစ် ကြ၏။

ငါ တို့ကို ကယ်တင် တော်မူသောအရှင်သခင် ယေရှု ခရစ် ၏ ထာဝရ နိုင်ငံ တော်ထဲသို့ ဝင်စား ခြင်းအခွင့် ကို သင် တို့အားကြွယ်ဝ စွာပေး သနားတော်မူလတံ့။

သန့်ရှင်း သော ပရောဖက် တို့သည်၊ အထက်က ဟောပြော သော စကား များကို၎င်း ၊ ကယ်တင် တော်မူသော အရှင်သခင် ဘုရား၏ တမန်တော် ဖြစ်သော ငါတို့ ပညတ် ကို၎င်း၊ သင် တို့သည် အောက်မေ့ စေခြင်းငှာ၊ ဤ စာနှစ်စောင်၌ သင် တို့၏ ကြည်ဖြူ သော စိတ် ဝိညာဉ် တို့ကို ငါသတိပေး ၍ နှိုးဆော် ၏။

လောကီသား တို့ကို ကယ်တင် သောသခင်ဖြစ်စေခြင်းငှာ ၊ ခမည်းတော် သည် သား တော်ကို စေလွှတ် တော်မူသည်ဟု ငါ တို့သည် သိမြင် ၍ သက်သေခံ ကြ၏။

ငါ ယေရှု သည် အသင်းတော် တို့အဘို့ ဤအရာ များကို သင် တို့အားသက်သေခံ စေခြင်းငှာ၊ ငါ ၏ ကောင်းကင် တမန်ကို စေလွှတ် ၏။ ငါ သည်ကား၊ ဒါဝိဒ် ၏ အမြစ် ဖြစ် ၏။ အနွယ် လည်း ဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက် ကြယ် လည်းဖြစ်၏။