သို့ဖြစ်၍ ၊ အိုဣသရေလ အမျိုး ၊ သင် တို့အသီးအသီး ကျင့် ကြသည်အတိုင်း အကျိုးအပြစ်ကိုငါစီရင် မည်။ သင်တို့သည် အဓမ္မ အမှုရှိသမျှ တို့ကို စွန့်ပစ် ၍ ပြောင်းလဲ ကြလော့။ ပြောင်းလဲကြလော့။ ဒုစရိုက် အပြစ်ကြောင့် ထိမိ ၍ ဆုံးခြင်းသို့မ ရောက် ကြနှင့်။
TSK
TSK · တမန်တော်ဝတ္ထု။ 20:21
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထိုအခါ မှစ၍ ယေရှု က၊ နောင်တရ ကြလော့။ ကောင်းကင် နိုင်ငံ တော်သည် တည်လုနီး ပြီဟူသောတရား ကို ဟောစ ပြုတော်မူ၏။
အချိန် ပြည့်စုံ ပြီ၊ ဘုရားသခင် ၏နိုင်ငံ တော်သည် တည်လုနီး ပြီ၊ နောင်တရ ကြလော့။ ဧဝံဂေလိ တရား ကို ယုံကြည် ကြလော့ဟူသော ဘုရားသခင် ၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိ တရားကိုဟော တော်မူ၏။
သာ၍အပြစ်ရှိသည်မ ဟုတ်။ သင်တို့ရှိသမျှ သည်လည်း နောင်တ မ ရလျှင် ပျက်စီး ခြင်းသို့ရောက်ကြ လိမ့်မည်ဟု ငါဆို ၏။
ထိုနည်းတူ ဖြောင့်မတ် ၍ နောင်တရ စရာအကြောင်းမ ရှိ သောသူ ကိုးဆယ် ကိုးယောက်တို့၌ ကောင်းကင် သားတို့သည် ဝမ်းမြောက် ခြင်းရှိသည်ထက်၊ နောင်တရ သောလူဆိုး တစ် ယောက်၌ သာ၍ ဝမ်းမြောက်ခြင်းရှိ ကြသည်ဟု ငါဆို ၏။
ခရစ်တော် ၏ အခွင့် အားဖြင့် နောင်တ တရားနှင့် အပြစ် လွှတ် ခြင်းတရားကို ယေရုရှလင် မြို့မှ စ သောလူမျိုး တကာ တို့အား ဟောပြော ရမည်။
သား တော်ကို ပယ် သောသူ မူကား အသက် ကို မ တွေ့ ရ။ ထိုသူ ၏အပေါ် ၌ဘုရားသခင် ၏ အမျက် တော်တည်နေ သည်ဟု ယောဟန်ဟော လေ၏။
ပေတရု ကလည်း ၊ သင် တို့၏အပြစ် ကိုလွတ် စေခြင်းငှာ နောင်တရ ၍ တစ်ယောက်မျှမကြွင်း၊ ယေရှု ခရစ် ၏ နာမ ၌ ဗတ္တိဇံ ကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်း သောဝိညာဉ် တော်တည်းဟူသောဆုကျေးဇူး တော်ကို ခံရ ကြလိမ့်မည်။
ထိုကြောင့် ထာဝရဘုရားထံ တော်မှ ချမ်းဧ သောအချိန် ကာလသည် ရောက်လာ ၍၊
ထိုသခင် ကို ယုံကြည် သောသူရှိသမျှ တို့သည် နာမ တော် အားဖြင့် အပြစ် လွှတ် တော်မူခြင်း ကျေးဇူးကို ခံရကြလတံ့ဟူ၍ပရောဖက် အပေါင်း တို့သည် ထို သခင်၏ သက်သေခံ ဖြစ်ကြသည်ဟု ပေတရုမြွက်ဆို ၏။
ထိုကြောင့် ညီအစ်ကို တို့၊ ထိုသခင် ၏ ကျေးဇူးတော်ကြောင့် အပြစ် လွှတ် ခြင်းတရားကို သင် တို့အား ဟောကြား သည်ကို၎င်း၊
ဘုရားသခင် သည် မိုက်မဲ သော အချိန် ကာလတို့ကို အမှု မထားဘူးသော်လည်း ၊ ယခု မှာ ကိုယ်အပြစ်ကို မြင်၍ နောင်တရ ကြလော့ဟု ခပ်သိမ်း သော အရပ်တို့၌ ရှိသော လူ အပေါင်း တို့အား ပညတ် တော်မူ၏။
ထို အကြောင်းအရာကို ဧဖက် မြို့၌နေ သော ယုဒ လူနှင့် ဟေလသ လူအပေါင်း တို့သည် ကြားသိ လျှင်၊ ကြောက်ရွံ့ ခြင်းသို့ရောက် ၍ သခင် ယေရှု ၏ နာမ တော် ကိုချီးမွမ်း ကြ၏။
ထိုနောက် များမကြာ၊ ဖေလဇ် မင်းသည် ယုဒ အမျိုးဖြစ် သော မိမိ ခင်ပွန်း ဒြုသိလေ နှင့်တကွ လာ ပြီးလျှင်၊ ပေါလု ကိုခေါ် ၍ ခရစ်တော် ကို ယုံကြည် ခြင်းနှင့်ယှဉ် သောစကားကို နားထောင် လေ၏။
လူတို့သည် နောင်တရ ရမည်။ နောင်တရ ခြင်း နှင့်ထိုက်တန် သော အကျင့် ကို ကျင့် ရမည်။ ဘုရားသခင် အထံ တော်သို့ ပြောင်းလဲ ရမည်ဟူ၍ဒမာသက် မြို့၌ ရှေ့ဦးစွာ ဟောပြောပြီးလျှင်၊ ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်အရပ်ရပ် ၌နေသောသူတို့အား၎င်း ၊ တစ်ပါး အမျိုးသားတို့အား၎င်း၊ ဟောပြော ပါ၏။
ဟေလသ လူဖြစ်စေ၊ လူရိုင်း ဖြစ်စေ၊ ပညာရှိ ဖြစ်စေ၊ ပညာ မဲ့ဖြစ်စေ၊ လူအမျိုးမျိုးတို့၏ကြွေး သည် ငါ၌တင် လျက်ရှိ၏။
ဘုရားသခင် ၏ ကျေးဇူးတော်သည် သင့် ကို နောင်တ လမ်းသို့ သွေးဆောင် သည်ကို မ သိမမှတ်ဘဲ၊ ကြွယ်ဝ စွာကျေးဇူး ပြုတော်မူခြင်း၊ သည်းခံ တော်မူခြင်း၊ စိတ်ရှည် တော်မူခြင်းတို့ကို မထီမဲ့မြင် ပြုသလော။
ငါတို့အကျိုးအလိုငှာရေးထားသတည်း။ ငါ တို့ သခင် ယေရှု ကို သေ ခြင်းမှ ထမြောက် စေတော်မူသော သူ ကိုငါတို့သည် ယုံကြည် လျှင်၊ ထိုယုံကြည်ခြင်းကို ငါတို့၏ဖြောင့်မတ်ခြင်းဟု မှတ် တော်မူလတံ့။
အဘယ်သို့နည်းဟူမူကား၊ သင် သည် သခင် ယေရှု ကိုနှုတ် ဖြင့် ဝန်ခံ ၍ ၊ ဘုရားသခင် သည် သူ့ ကို သေ ခြင်းမှ ထမြောက် စေတော်မူပြီဟု စိတ် နှလုံးထဲ၌ ယုံကြည် လျှင် ၊ ကယ်တင် ခြင်းသို့ရောက်လိမ့်မည်။
အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင် ၏ အလို တော်နှင့် ညီသော ဝမ်းနည်း ခြင်းသည် ကယ်တင် ခြင်းနှင့် ယှဉ်သောနောင်တ စိတ် တည်းဟူသော၊ မ ပြောင်းလဲနိုင်သောနောင်တစိတ်ကို ပြုပြင် တတ်၏။ လောကီ ဝမ်းနည်း ခြင်းမူကား ၊ သေ ခြင်းကိုပြုပြင် တတ်၏။
ငါသည်ခရစ်တော် နှင့်အတူလက်ဝါးကပ်တိုင် မှာအသေခံပြီ။ သို့သော်လည်း အသက် ရှင်သေး၏။ ထိုသို့ဆိုသော်ငါ သည် ကိုယ်တိုင်မ ရှင်၊ ခရစ်တော် သည် ငါ ၌ ရှင် တော်မူ၏။ ကိုယ်ခန္ဓာ ၌ ယခု ငါရှင် သော အသက် သည် ဘုရားသခင် ၏သား တော်ကို ယုံကြည် ခြင်းအားဖြင့် တည် ၏။ သား တော်သည်ငါ့ ကိုချစ် ၍ ငါ့ အဘို့ ကိုယ်ကိုကိုယ် စွန့် တော်မူ၏။
ထိုကြောင့် သင် တို့သည်သခင် ယေရှု ကို ယုံကြည် ခြင်းနှင့် သန့်ရှင်း သူအပေါင်း တို့ကို ချစ် ခြင်းအကြောင်း ကို ငါ သည်ကြား ပြီးလျှင်၊
ဆီးတား ငြင်းခုံသောသူ တို့ကို နူးညံ့ သိမ်မွေ့စွာ ဆုံးမ ရမည်။ သမ္မာတရား ကို ဝန်ခံ ခြင်းအလိုငှာ ၊ နောင်တ ကို ဘုရားသခင် ပေး ကောင်းပေးတော်မူ၍
¶ ယေရှု သည် ခရစ်တော် ဖြစ် တော်မူသည်ကို ယုံကြည် သောသူ မည်သည်ကား ၊ ဘုရားသခင် ဖြစ်ဘွား စေတော်မူသောသူဖြစ်၏။ အဘကိုချစ်သောသူသည် သားကိုလည်းချစ်တတ်သည်နှင့်အညီ၊
သက်သေခံ တော်မူချက်ဟူမူကား၊ ဘုရားသခင် သည် ငါ တို့အား ထာဝရ အသက် ကိုပေး တော်မူ၍ ၊ ထို အသက် သည်လည်း သား တော်၌ ပါ၏ ။